တစ်နှစ်။တစ်နှစ်ဆိုတဲ့အချိန်ကာလဟာနှောင်းအတွက်သိပ်ကိုမှကြာလွန်းသည်။ထိုတစ်နှစ်အတွင်းမှာသူမခွန်းကိုမလွမ်းတဲ့နေ့ရက်ရယ်လို့တစ်ရက်မှပင်မရှိပါထိုကလေးကိုလွမ်းသည့်စိတ်နဲ့ပင်အသက်ရှင်နေရသည်။
"ဆေးရုံသွားရအောင်လားအမေရယ်အမေနေမကောင်းတာကပိုပိုဆိုးလာပြီလေ"
"မသွားချင်ပါဘူးသမီးရယ် ငါ့သမီးကိုအမေကစိတ်ချရပြီဆိုတော့အခုချိန်အမေသေသွားလဲအသေဖြောင့်ပါတယ်ကွယ်"
"အဲ့လိုတွေမပြောပါနဲ့အမေကဘာလို့သေရမှာလဲသမီးကိုတစ်ယောက်ထည်းထားခဲ့လို့မဖြစ်ဘူးလေ"
နှောင်းအမေရဲ့နှလုံးရောဂါဟာပိုလိုဆိုးလာသည်။ယခုဆိုအိပ်ယာထဲပင်လှဲနေတော့သည်။ဆေးရုံတက်ဆိုတော့လည်းပြောမရသည်မို့နှောင်းစိတ်ညစ်နေရတော့သည်။
"အမေမရှိလည်းသမီးလေးအဆင်ပြေအောင်နေရမယ်နော်"
"ဒီတစ်ခါတော့သမီးစကားနားထောင်ပါအမေရယ်ဆေးရုံတက်ရအောင်နော်သမီးကိုငဲ့ကြည့်ပါအုန်းအမေမရှိပဲသမီးဘယ်လိုနေရမလဲသမီးကိုသနားရင်ဒီတစ်ခါလောက်လေးပဲဖြစ်ဖြစ်သမီးစကားနားထောင်ပေးပါတောင်းပန်ပါတယ်"
ဒီလိုနဲ့ပဲနှောင်းပြောစကားကိုနားထောင်ကာနှောင်းအမေသည်ဆေးရုံတက်ဖို့လက်ခံလိုက်တော့သည်မို့နှောင်းဟာအလုပ်ကိုခွင့်ယူထားပြီးအမေဖြစ်သူကိုနေ့ရောညပါပြုစုပေးနေတော့သည်။
"တီချယ်"
"အော်သမီးလေး"
နှောင်းဆေးရုံကခနအပြန်လမ်းတွင်ခွန်း၏သူငယ်ချင်းဖြစ်သူလရောင်ချိုနှင့်တွေ့သည်။
"နေကောင်းရဲ့လားတီချယ်"
"ကောင်းပါတယ်ကွယ်သမီးရောနေကောင်းရဲ့လားမတွေ့တာကြာပြီနော်"
"ဟုတ်သမီးနေကောင်းပါတယ်တီချယ်"
"ဟို"
"ပြောစရာရှိရင်ပြောပါတီချယ်"
"ကလေး အယ် ခွန်းနဲ့အဆက်အသွယ်ရသေးလားဟင်"
"သမီးတို့ကော်ဖီဆိုင်ခနထိုင်ပြီးစကားပြောကြရင်ကောင်းမလားတီချယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်