ကျောင်းပိတ်ရက်မှာခွန်းချယ့်ကိုသိပ်လွမ်းနေသည်။ဟိုးရင်ထဲအသည်းထဲကနေစူးနင့်နေသည်အထိလွမ်းနေသည်။သူများအမြင်မှာတော့ခွန်းဟာအကဲပိုတဲ့လူလုံးလုံးဖြစ်လေမည်။သို့ပေမယ့်မတက်နိုင်ချစ်မိနှင့်ပြီးနေပြီ။
ခွန်းသိပ်လွမ်းလာသည်မို့ချယ်ပေးထားတဲ့ဖုန်းနံပါတ်ကလေးကိုပထမဦးဆုံးအနေဖြင့်ခေါ်ကြည့်လိုက်သည်။"ဟယ်လိုကလေး"
ချစ်စရာရယ်ပါ။
အသံလေးနဲ့တင်လူကိုရူးသွားချင်လောက်သည်အထိပြုစားလွန်းတဲ့ထိုအမျိုးသမီးရယ်ပါ။ခွန်းပြောနေကြအတိုင်းချယ့်ကြောင့်ရူးရချည်ရဲ့။"ခွန်းဖုန်းမှန်းသိတယ်ပေါ့"
"သိတာပေါ့ရှင်"
"လွမ်းလို့ချယ်"
"မနက်ဖြန်ကျောင်းဖွင့်ရင်တွေ့ရမှာပေါ့ကလေးရဲ့"
"ခွန်းကတော့ချယ့်ကိုလွမ်းနေတာ ချယ်ကတော့လွမ်းပုံလဲမရပါဘူး"
"လွမ်းတာပေါ့ ချယ့်ကလေးလေးကို နေကောင်းသွားပြီလား ကိုယ်ပူနေသေးလား ဆေးရောပုံမှန်သောက်ရဲ့လား အစားရောပုံမှန်စားရဲ့လားကွယ်"
မေးခွန်းပေါင်းစုံမေးနေတဲ့အသံလေးကတကယ်ကိုချစ်စရာပါ။အနီးအနားမှာသာရှိရင်ခွန်းထိုအမျိုးသမီးကိုတကယ်ပင်ဆွဲနမ်းချင်စိတ်တွေဖြစ်လာမှာအသေအချာ။
"သက်သာပါတယ် ကိုယ်လဲမပူတော့ဘူးဆေးလဲပုံမှန်သောက်တယ် ချယ်အခုအားလားဟင်"
"အားပါတယ်ရှင် ဘာဖြစ်လို့လဲ"
"တွေ့ချင်တယ် ခွန်းလာခဲ့မယ်နော် မနေ့ကပန်းမပန်ပေးရဘူးလေ"
ခွန်းသည်မနေ့ကနှောင်းကိုပန်းပေးချင်လို့လာမယ်ပြောတော့နှောင်းသည်ခွန်းကိုနေမကောင်းလို့အိမ်မာပဲနေဖို့ပြောလေသည်။ခွန်းဘ၀င်မကျပေမယ့်လို့ 'ချယ်စိတ်ပူတယ်ကွယ်'ဆိုတဲ့စကားလေးအဆုံးမှာလက်မြှောက်အရှုံးပေးလိုက်ပြီးအိမ်မှာပဲနေလိုက်ရတော့သည်။
"နေတကယ်ကောင်းသွားပြီလား"
"ကောင်းပြီဆို မယုံဘူးလားချယ်က"
"ယုံပါတယ်ကွယ် ချယ်ကစိတ်ပူလို့ပါ"
"ချယ့်ကိုအခုမှမတွေ့ရရင် ပြန်ပြီးနေမကောင်းဖြစ်တော့မှာမို့လာပြီနော်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်