"ခွန်းသစ္စာချိုတစ်ညလုံးဘယ်ကိုသွားနေတာလဲမိဘတွေဘယ်လောက်တောင်စိတ်ပူနေလဲသိလားဖုန်းလဲမကိုင်ဘူး"
"အဖေကုမ္မဏီမသွားဘူးလား"
"မသွားဘူးအဖေမေးနေတာဖြေစမ်းပါဘယ်မှာညသွားအိပ်နေတာလဲ"
"ချယ့်အိမ်မှာ"
"ချယ် ဘယ်ကချယ်"
"မမှတ်မိတော့ဘူးလားသမီးချစ်တဲ့ချယ်လေသမီးနဲ့ချစ်ခဲ့ကြတဲ့ချယ် အဖေကိုယ်တိုင်ခေါ်တွေ့ပြီးသမီးနဲ့လမ်းခွဲဖို့ပြောခဲ့တဲ့ချယ်"
"ခွန်းသစ္စာချိုနင်နဲ့သူနဲ့ဘယ်လိုထပ်ပြီးပတ်သတ်နေပြန်တာလဲ"
"ဒီတိုင်းတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြယုံလေးပါဘာဖြစ်လို့လဲအဖေ သမီးမှားလို့လား"
"ဘာနင်တို့ကအခု"
"ဟုတ်တယ်သမီးနဲ့ချယ်ပြန်ချစ်နေကြပြီဒီတစ်ခါတော့အဖေခွဲလို့မရစေရဘူး"
"အဲ့လိုမျိုးဘယ်တော့မှဖြစ်မလာရဘူးအခုချက်ချင်းအဆက်အသွယ်ဖြတ်"
"မဖြတ်နိုင်ဘူးသမီးချယ့်ကိုချစ်တယ်ချယ်လဲသမီးကိုချစ်တယ် ချယ့်အနားမှာရှိနေရယုံနဲ့တင်ပျော်တာမို့သမီးပျော်ရွှင်မှုသမီးဘာသာရှာပါရစေဒီထက်ပိုပြီးမချုပ်ချယ်ပါနဲ့တော့"
ခွန်းအမေဟာဘာတစ်ခွန်းမှကို၀င်မပြောပါခွန်းအဖေကတော့ခွန်းကိုအလွန်ဒေါသထွက်နေတော့သည်။
"နင်ကငါ့မျက်နှာကိုအိုးမဲသုတ်ချင်တဲ့သမီးမိုက်ပဲခွန်းသစ္စာချို အခုချက်ချင်းရပ်တန်းကရပ်နော်မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့ငါ့ဂုဏ်သိက္ခာကိုထိခိုက်လာမယ့်ဘယ်အရာကိုမဆိုငါလက်မခံနိုင်ဘူး"
"အဖေကဘာတွေများထပ်လုပ်အုန်းမလို့လဲတစ်ခုသိထားရမှာကအဖေဘယ်လိုပဲခွဲခွဲချယ့်ကိုသမီးလုံး၀လက်မလွှတ်ဘူး"
"ခွန်းသစ္စာချိုနင်တော့လား ဖြန်း"
"ယောင်္ကျားဘယ်လိုလုပ်လိုက်တာလဲလက်ပါစရာလိုလို့လား"
"မင်းအသာနေဘာမှ၀င်မပြောနဲ့"
ခွန်းပါးဟာဖြောင်းကနဲနေအောင်အရိုက်ခံလိုက်ရသည်။နာကျင်သွားသော်လည်းစိတ်ထဲတွင်သူမသိပ်ချစ်ရသည့်ထိုအမျိုးသမီးနဲ့မခွဲချင်တဲ့စိတ်သာရှိသည်။
YOU ARE READING
နှင်းဆီနီနီ (Completed)
Kurgu OlmayanAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်