Part 4

265 9 0
                                    

ကျောင်းဆင်းချိန်ရောက်သော်။

"တီချယ်"

"ကလေး ဘာ‌ပြောမလို့လဲကွယ်"

"တီချယ်ပြန်တော့မှာလား"

"ခနနေကျပြန်မှာ ဘာဖြစ်လို့လဲဟင်"

"ဟို တီချယ့်အိမ်လိုက်ခဲ့လို့ရလားဟင် ခွန်းလာတဲ့အခါကျအဆင်ပြေအောင်လို့လေ"

"အော် ဟုတ်သား ကလေးတီချယ့်အိမ်ကိုသိမှဖြစ်မာပေါ့ဒါဆိုခနလေးစောင့်နော်ပြီးရင်လိုက်ခဲ့"

"ဟုတ် ခွန်းစောင့်နေပါ့မယ်"

ခွန်းတီချယ့်ကိုစောင့်နေမိသည်ခွန်းစိတ်ထဲတီချယ့်အနားမှာရှိနေရချိန်ဆိုနွေးထွေးသလိုပျော်ရွှင်သလိုခံစားရသည်ခွန်းတကယ်ပင်နှောင်းရိပ်မေဆိုသည့်အမျိုးသမီးကိုချစ်မိနေပြီဖြစ်သည်။

"သွားမယ် လာကလေး"

"ဟုတ် ခွန်းကိုခြင်းတောင်းပေး"

နှောင်းသူမလေးလက်ထဲခြင်းတောင်းလေးထည့်ပေးလိုက်သည် နှောင်းသည်လဲထိုကလေးမလေးကိုဘာလို့ရယ်မှန်းမသိသံယောဇဉ်တွယ်နေမိသည်။

"ကလေးကတစ်ဦးထည်းသောသမီးလား"

"ဟုတ် တစ်ဦးထည်းသောသမီးလို့ပြောလို့ရတာပေါ့ဒါပေမယ့်ခွန်းမှာအမတစ်ယောက်ရှိခဲ့တယ်လို့လဲပြောတယ် မွေးမွေးပြီးချင်းသေသွားခဲ့တာတဲ့လေ တီချယ်ကရောတစ်ဦးထည်းသောသမီးပဲလား"

"ဟုတ်ပါတယ်ရှင် တီချယ့်အဖေကတီချယ်ငယ်ငယ်ထည်းကမရှိတော့ဘူးလေ တီချယ်ကတီချယ့်အမေနဲ့နှစ်ယောက်ထည်းတူတူနေတယ်"

"တီချယ့်မှာချစ်သူရှိလားဟင် ဟို တီချယ်ကလှတော့လေဟီး"

"မရှိပါဘူးကွယ် ကလေးယုံမလားတော့မသိဘူး တီချယ်အခုချိန်ထိရည်းစားတစ်ခါမှမထားဖူးသေးဘူး"

"ဟင် တကယ်လား တီချယ်ကလှတော့တီချယ့်ကိုကြိုက်မဲ့လူတွေကအများကြီးရှိမာပဲနော် တီချယ်ကတကယ်ကြီးတစ်ခါမှရည်းစားမထားဖူးတာလား"

"တကယ်လို့ဆိုကွယ် တီချယ့်အဖေမရှိတော့တဲ့နောက်ပိုင်း တီချယ်ကအမေနဲ့နှစ်ယောက်ထည်းရပ်တည်လာခဲ့ရတာလေ အမေ့ကိုကောင်းကောင်းမွန်မွန်ပြုစုနိုင်ဖို့ရုန်းကန်လာရတဲ့သူမို့ အချစ်ဆိုတာကြီးကိုမခံစားနိုင်ခဲ့ပါဘူးကွယ်"

နှင်းဆီနီနီ (Completed)Where stories live. Discover now