"တီချယ် သမီးလာတယ် တံခါးလေးဖွင့်ပေးပါအုန်း"
နှောင်းဟာခွန်းရဲ့ရက်လည်ကျင်းပပြီးတဲ့နေ့ကထည်းကအိမ်ထဲကအိမ်ပြင်ကိုပင်မထွက်တော့ပါ။စည်သူဆိုတဲ့လူကိုတော့ခွန်းအဖေဟာငွေအင်အားများစွာသုံးပြီးမရရအောင်ဖမ်းပြီးထောင်ထဲထည့်ခဲ့သည်။
"လာလေသမီး"
လရောင်ဟာလည်းနှောင်းကိုစိတ်ပူပြီးအမြဲလာလာကြည့်ရှာသည်။သူမသူငယ်ချင်းကြုံတွေခဲ့ရတာတွေကိုအခုထိတောင်သူမဟာလည်းမယုံနိုင်သေး။
"တီချယ်အဆင်ပြေရဲ့လားလာကြည့်တာပါ ပိန်ကျသွားလိုက်တာ၊ ညဘက်တွေရောမအိပ်ဘူးလားဟင်၊ မျက်ကွင်းတွေလဲညိုလို့"
"မသိတော့ပါဘူးကွယ် ဒီတိုင်းပဲသေသွားရင်ကောင်းသားနော်"
"အဲ့လိုတွေမပြောပါနဲ့ ခွန်းကတီချယ့်ကိုအဲ့လိုဖြစ်စေချင်မှာမဟုတ်ဘူး။ သူသိပ်ချစ်တဲ့တီချယ့်ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဆက်ရှင်သန်နေစေချင်မှာ"
"မလွယ်ဘူးကွယ် သိပ်ကိုမလွယ်ဘူး တီချယ့်ဘ၀ကလေဘာအဓိပ္ပာယ်မှကိုရှိမနေတော့ဘူးအသက်ရှင်နေရတယ်ဆိုတဲ့အသိနဲ့တင်ရူးမတက်မွန်းကြပ်နေရတာ ဘယ်သူကများတီချယ့်ကိုနားလည်ပေးနိုင်မလဲ"
"သမီးနားလည်ပါတယ် တီချယ်ခွန်းကိုသိပ်ချစ်တယ်ဆိုတာသမီးသိသလို၊ခွန်းကလည်းတီချယ့်ကိုသိပ်ကိုမှချစ်တယ်ဆိုတာကိုလည်းသိပါတယ်"
သူမကလေးကသူမကိုသိပ်ချစ်တာဆိုတဲ့အတွေးလေးကြောင့်နှောင်းနာကျင်စွာပြုံးလိုက်မိသည်။
"သမီးသူငယ်ချင်းကသိပ်ဆိုးတာပဲကွယ်။ သူမရှိရင်အသက်မရှင်နိုင်တော့မယ့်မိန်းမကိုရက်ရက်စက်စက်ထားသွားရက်တယ်"
"ကံကြမ္မာစီမံရာပေါ့တီချယ်ရယ် အရမ်းကြီးစိတ်အထိခိုက်မခံပါနဲ့ပြီးတော့အစားကိုပုံမှန်စားပြီးအိပ်ရေး၀၀အိပ်ပါ ခွန်းအတွက်ပဲဆက်ပြီးရှင်သန်နေပေးပါတီချယ်"
"တီချယ်လေသိပ်နာကျင်ရတာပဲကွယ်။ဒီနာကျင်မှုတွေကိုဘယ်လိုစကားလုံးနဲ့မှဖော်ပြလို့တောင်မရတော့ဘူး၊ ရင်ကိုအစိမ်းလိုက်ဓားနဲ့ခွဲခံနေရသလိုပဲသိရဲ့လားဟင် ရူးမတက်လွမ်းနေမိတာ ကလေးကတီချယ့်အနားကနေထာ၀ရထွက်ခွာသွားပြီဆိုတဲ့အတွေးကသေမလောက်နာကျင်ရတယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်