မနက်မိုးလင်းသော်လည်းနှောင်းဟာကုတင်ပေါ်တွင်ငုတ်တုတ်လေးထိုင်ကာငိုနေဆဲပါပဲ။
"နှောင်း"
"လူယုတ်မာရှင်ကျေနပ်ပြီလားကျွန်မဘ၀ကိုအခုလိုမျိုးဖျက်ဆီးလိုက်ရလို့ကျေနပ်ပြီးလားလို့"
"အဲ့လိုမဟုတ်ပါဘူးကွာကိုယ်နှောင်းကိုချစ်လို့အဆုံးအရှုံးမခံနိုင်လို့ပါ"
"ဟက်ချစ်လို့ဟုတ်လား သေလိုက်ပါလားလဲပြီးတော့"
"နှောင်း!!"
"ရှင်ချစ်တယ်ဆိုကျွန်မကိုအခုလိုလုပ်ရက်ရလား။ရှင့်မှာနှမသားချင်းစာနာစိတ်မရှိဘူးလားဟမ် ချစ်တယ်ဆိုတာနဲ့ပဲအခုလိုမုဒိန်းကျင့်လိုက်ရင်ရသွားရောလား"
"နှောင်းမင်းစကားတွေလွန်လာပြီနော်ညကကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ်လို့ပြောပြီးပြီလေ"
"ရွံဖို့ကောင်းတဲ့အကောင်အခုလိုတောင်းပန်လိုက်ယုံနဲ့ပြီးသွားမယ်ထင်လား။ ဘာ ကျွန်မစကားကလွန်တယ်ဟုတ်လား ရှင့်ရဲ့ခွေးလိုလုပ်ရပ်ကလွန်တာထက်ကိုပိုတယ်ဆိုတာသိရဲ့လား"
"ကိုယ်နှောင်းကိုတာ၀န်ယူမှာပါနှောင်းရယ်ကိုယ်တို့လက်ထပ်ပြီးသာယာတဲ့ဘ၀လေးတစ်ခုတည်ဆောက်ကြမယ်နော်ကိုယ်ထပ်ပီးတောင်းပန်တယ် နှောင်းကျေနပ်တဲ့အထိတောင်းပန်မယ်ကွာ"
"တောင်းပန်ရင်ပြီးသွားရောလား!!!ပြီးသွားရောလားလို့ဖြေစမ်းပါငါ့ကို နင်ဖြေစမ်း နင်အဲ့လိုတောင်းပန်လိုက်တော့ငါ့ဘ၀အရင်လိုပြန်ဖြစ်သွားလား ငါ့ဘ၀အရင်လိုပြန်ဖြစ်မှာလားလို့ အဲ့စောက်ပေါက်ကိုပိတ်မနေပဲဖြေစမ်းပါ"
"နှောင်းမင်းဘာလို့အော်ကြီးဟစ်ကျယ်ဖြစ်နေရတာလဲ"
"ဘာလဲ ကျွန်မကအခုချိန်မှာပျော်ရွှင်ကြည်နူးနေရမှာလား ကျွန်မဘ၀တစ်ခုလုံးအဖျက်ဆီးခံလိုက်ရတာကိုလေ"
"နှောင်းကိုကိုယ်တာ၀န်ယူမယ်လို့ပြောပြီးသားလေကိုယ်တို့လက်ထပ်ဖို့စီစဉ်ကြရအောင်နော်"
"ရှင့်လိုအယုတ်တမာနဲ့လုံး၀မယူနိုင်ဘူးကျွန်မကိုတာ၀န်ယူစရာလည်းမလိုဘူးဒီထပ်ပိုပြီးလည်းလာမပတ်သတ်ပါနဲ့တော့ကျွန်မတောင်းပန်ပါတယ်ကျွန်မဘ၀ကိုဒီလောက်ပဲဖျက်ဆီးပါတော့"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်