"ဟင့်အင်း က ကလေး"
လဲကျလာသည့်သူမကလေးခန္ဓာကိုယ်ကိုအသာထိန်းလိုက်တော့သည်။နှောင်းရင်ထဲကနာကျင်မှုကိုမည်သည့်နာကျင်မှုမျိုးကမှယှဉ်၍ပင်မရချေ။
"ကလေး ဘာမှမဖြစ်ရဘူးနော် ချယ်နဲ့နေရမယ်နော်ဘယ်ကိုမှထွက်သွားခွင့်မပြုဘူးနော်"
"ရှင်လူယုတ်မာ။ အဲ့လောက်ထိရက်စက်စရာလိုလား သတ်ချင်ရင်ကျွန်မကိုထိုးသတ်လိုက်ပါလား ဘာလို့များ၊ဘာလို့များအပြစ်မရှိတဲ့....ရှင့်ကိုကျွန်မသတ်မယ် ရှင်သေမှအေးမှာ ရှင်သေရမယ်"
"ငါပြောခဲ့သား မမှတ်မိဘူးလားနှောင်းရိပ်မေမင်းကိုငါမပိုင်ရရင်သူလဲမပိုင်ရဘူး အခုတော့သူသေရတော့မယ် မင်းကိုငါပဲပိုင်ရတော့မယ် ဓားလေးကိုယူလာမိတာမှန်သွားတာပဲ ဟားဟား"
ကြောက်စရာကောင်းလွန်းလှတဲ့ရီသံ။ထိုလူဟာသွေးပျက်နေတဲ့လူတစ်ယောက်လိုပင်အသိစိတ်ဟာလုံး၀ပုံမှန်မဟုတ်ပါ။နှောင်းအော်သံများကြောင့်ပတ်၀န်းကျင်ကလူတစ်ချို့ထွက်လာသည်နှင့်တစ်ပြိုင်နက်ထိုလူဟာအသိစိတ်၀င်ကာသွေးများဖြင့်လှဲကျနေသောခွန်းကိုတစ်ချက်ကြည့်ပြီးပြုံးကာခြံထဲမှထွက်ပြေးသွားတော့သည်။
ထွက်ပြေးသွားသူကိုလည်းနှောင်းအာရုံထဲမထားနိုင်။သူမကလေးကသာအရေးကြီးသည်ဒီကလေးတစ်ခုခုဖြစ်ရင်နှောင်းတကယ်ပင်သေရလိမ့်မည်။
"ဒီမှာ ကယ်ပါအုန်းရှင် ဆေးရုံကားလေးအမြန်ခေါ်ပေးပါ တောင်းပန်ပါတယ်ဒီကလေးကိုဆုံးရှုံးလို့မရလို့ပါ အမြန်လေးကယ်ပေးပါ"
"ချယ်"
"ဟင့်အင်းအခုနားမထောင်ဘူး၊ ဘာမှမပြောနဲ့ ဆေးရုံအမြန်သွားပြီးနေကောင်းမှပြောပါအဲ့ခါကျမှနားထောင်ပါ့မယ်၊ အခုမပြောပါနဲ့ချယ်တောင်းပန်ပါတယ်"
"ချယ် ချယ့်ကိုခွန်း အဟွတ်"
သွေးများထပ်မံအန်ကျလာပြန်သည်။နှောင်းတော့ခွန်းကိုကြည့်ကာအရှင်လတ်လတ်မီးရှို့ခံနေရသလိုပင်ပူလောင်နာကျင်လွန်းလှသည်။
"မပြောနဲ့လို့မပြောပါနဲ့သေချာပေါက်နေကောင်းမှပြောပါ ချယ့်အနားကကျေးဇူးပြုပြီးထွက်မသွားလိုက်ပါနဲ့ထပ်ပြီးတောင်းပန်ပါတယ်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်