"ချယ်ရေ ခွန်းရောက်ပြီတံခါးလာဖွင့်ပေးပါအုန်း"
"လာပြီ ကလေး ခနလေးနော်"
ခွန်းတကယ်တော့မနေ့ကထည်းကခေါင်းကိုက်နေပြီးနေမကောင်းဖြစ်ချင်နေတာပါ။ယခုမိုးလင်းတော့နေရတာချမ်းစိမ့်စိမ့်နဲ့အဖျားတက်ချင်သလိုတောင်ဖြစ်နေသည်။
"ကဲ သွားကြမယ်ရှင်"
ခွန်းတစ်ယောက်နှောင်းကိုမြင်လိုက်တော့မှပဲနေမကောင်းတာပါပျောက်ချင်သွားသည်။ဒီအမျိုးသမီးဟာခွန်းအတွက်အားအင်လေးတစ်ခုလိုတောင်ဖြစ်နေပြီ။
"ဒီနေ့လဲသိပ်လှတယ်ချယ်"
"အိုကွယ် ပိုပြန်ပြီရှင်"
"မပိုပါဘူးလိုတောင်လိုသေး"
"ကလေး နေမကောင်းဘူးလား မျက်နှာလေးနွမ်းနေတယ်ရယ်"
"ချယ့်ကိုလွမ်းနေရလို့"
"အို တော်ပြီ ရှင်လေးသိပ်စကားတက်တာပဲလာသွားမယ်"
"ဟုတ် ခြင်းတောင်းပေးခွန်းကို"
"ရော့ ရှင်"
"ဖြေးဖြေးလျှောက်ပါလားဟင် ခွန်းခြေထောက်နာနေလို့ပါချယ်"
"ဟင် ခြေထောက်ကဘာဖြစ်လို့လဲ ချယ့်ကိုပြကြည့်"
"ဘာမှမဖြစ်ပါဘူးချယ် နည်းနည်းလေးထိမိယုံပါ ဟီး"
"ချယ့်မျက်နှာမှာဘာပေနေလို့ မျက်တောင်တောင်မခတ်ပဲကြည့်နေရသလဲ အရှေ့ကိုလဲကြည့်လျှောက်ပါအုန်းရှင်ရယ်ချော်လဲနေမှဖြင့်"
"ချယ်ကလဲ ဘယ် ဘယ်မှာကြည့်နေလို့လဲမကြည့်ပါဘူးနော်"
ချယ်မသိအောင်ခွန်းငေးကြည့်နေပေမယ့်သူမကသိတယ်တဲ့လေ သူခိုးလူမိသလိုဖြစ်ပြီးခွန်းတစ်ယောက်ရှက်နေတော့သည်။
"အို ကြည့်နေတာသိပါတယ်နော်"
"ဟုတ်တယ် လှလို့ အရမ်းလှလို့ကြည့်တာ ချယ်ကခွန်းမျက်လုံးထဲမှာအလှဆုံးပဲသိလား"
တကယ်ကိုခွန်းအမြင်မှာနှောင်းဟာသိပ်လှသည်။သူများတွေအမြင်မှာနှောင်းဟာဘယ်လိုပဲဖြစ်နေဖြစ်နေခွန်းအမြင်မှာတော့ထိုအမျိုးသမီးသာအလှဆုံးဖြစ်သည် စကားပြောနေရင်လဲလှသည်။ပြုံးနေရင်လဲလှသည်။စိတ်တိုနေတော့လဲတစ်မျိုးလှပြန်သည်။ကုန်ကုန်ပြောရရင်ပုံမှန်အတိုင်းလေးအသက်ရှုနေရင်တောင်လှသည်။ယခုလိုသူမကိုလှတယ်လို့ပြောလိုက်သည့်အခါမျက်လွှာလေးအသာချကာအရှက်သည်းနေပုံသည်လည်းပဲပြောမပြတက်အောင်လှသည်။
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်