ဒီလိုနှင့်တစ်ပတ်ပြည့်ပြီးသော်အရာအရာတိုင်းဟာပုံမှန်ပါပဲ။နှောင်းဟာလဲသူမသိပ်ချစ်ရတဲ့ခွန်းဆိုတဲ့မိန်းကလေးကိုရင်ထဲထိစူးနင့်နေအောင်ချစ်တုန်း။ခွန်းဟာလဲသူမကိုစွန့်ပစ်သွားခဲ့တဲ့ထိုအမျိုးသမီးကိုစိတ်မနာရက်ပဲရူးခါနေလောက်အောင်ချစ်တုန်း။ပြောင်းလဲသွားတာကတော့ခွန်းပင် ခွန်းဟာအရင်လိုမဟုတ်တော့ပဲခပ်ဆိုးဆိုးလေးဖြစ်လာတော့သည်။မိဘစကားဆိုလဲနားမထောင်ချင်တော့ပဲလုပ်ချင်တာသာလုပ်နေတော့သည်။
"သမီး ကျောင်းမသွားဘူးလား"
"ပျင်းတယ်မသွားချင်ဘူး"
"ကျောင်းသွားရတာပျင်းစရာမှမဟုတ်ပဲခွန်းသစ္စာချို သမီးအခုတလောဘာဖြစ်နေတာလဲဂျစ်ကန်ကန်နဲ့"
"ခွန်းဘာမှမဖြစ်ပါဘူးအဖေ"
"ဒါဆိုကျောင်းသွားဖို့ပြင်တော့"
"မသွားချင်ဘူးလို့ပြောတယ်လေ"
"ခွန်းသစ္စာချို!!"
"ကျစ် သွားမယ်သွားရင်ပြီးရောမလား"
ခွန်းစိတ်မကြည်စွာပင်ကျောင်းသွားဖို့ရာပြင်လိုက်တော့သည်။
"သမီးလေး ဦးလေးလိုက်ပို့ပေးမယ်"
"ရတယ် လမ်းလျှောက်သွားလိုက်ပါ့မယ်။အော် ဦးလေးထွန်းခွန်းဒီခြံထဲမှာနှင်းဆီပန်းနဲ့တူတာဘာမှမမြင်ချင်တာမို့လို့ဒီနှင်းဆီပင်တွေကိုလွှင့်ပစ်ပေးထားပါ"
"ဘာလို့လဲသမီးရယ်သမီးလေးသဘောကျတယ်မလား"
"အဲ့တာအရင်တုန်းကအခုမဟုတ်ဘူးခွန်းကျောင်းသွားတော့မယ်ညနေကျလာကြိုပေးပါ"
"ဟုတ်ပါပြီကွယ်"
ခွန်းခြံထဲကပင်ထွက်လာတော့သည်။သူမခြေလှမ်းတွေဟာနှောင်း၏အိမ်ဘက်သို့။နှောင်းအိမ်နားရောက်သော်နှောင်းကိုမမြင်အောင်လှမ်းချောင်းနေစဉ်အိမ်ထဲကနေကိုစည်သူဆိုတဲ့လူနဲ့အတူထွက်လာပြီးကားပေါ်သို့တက်သွားသည့်နှောင်းကိုမြင်လိုက်ရသည်မို့ခွန်းရင်ထည်းဆစ်ကနဲနာကျင်သွားရသည်။
"ဒီခွန်းသစ္စာချိုမကျောင်းပျက်တာတော်တော်များနေပြီဒီနေ့ရောလာပါ့မလားမသိဘူး"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်