"တီချယ် လမ်းထိပ်လိုက်ပို့ပေးမယ်"
"ဟင့်အင်း မပို့နဲ့ မိုးချုပ်နေပြီ တီချယ့်ကိုစိတ်မချဘူး ခွန်းမှာစက်ဘီးပါတယ်ရယ်"
"ဒါဆို ခြံရှေ့တော့လိုက်ပို့ပေးမယ်ကွယ် ကလေးပြန်သွားတာလေးတီချယ်ကြည့်ချင်တယ်"
"ဒါဆိုလဲသဘောပါနော်"
"စက်ဘီးကိုဂရုတစိုက်စီးနော်"
"တီချယ်"
"ရှင်"
"တီချယ် ဘာလို့သိပ်လှရတာလဲ"
"မသိပါဘူးကွယ် မွေးထည်းကလှနေတာကျွန်မရဲ့အားနည်းချက်ပေါ့ရှင်"
"ဟားဟား ဒါပေါ့ ဒါနဲ့ ခွန်းလေတီချယ့်ကို"
"အွန်း ပြောလေ"
"ချယ်လို့ခေါ်မယ် တီချယ်မဟုတ်ပဲချယ်။ချယ်လို့ခေါ်ချင်တယ်"
"ကလေးသဘော ကြိုက်သလိုခေါ်ပါရှင့်"
"ခွန်းတစ်ယောက်ပဲခေါ်မှာနော် တစ်ခြားသူတွေကိုအဲ့လိုမခေါ်ခိုင်းနဲ့မကြိုက်ဘူး"
"ကလေးကဘာလို့အဲ့သလိုခေါ်ချင်ရသလဲ"
"မသိဘူး ဒီတိုင်း ချယ်လို့အမြတ်တနိုးခေါ်ချင်လို့"
ခွန်းထိုသို့ဆိုတော့ထိုအမျိုးသမီးဟာချက်ချင်းကိုရှက်သွေးဖြာသွားလေတော့သည်။
"အိုကွယ်"
"နော် ခွန်းတစ်ယောက်ပဲအဲ့နာမ်စားလေးကိုခေါ်ပါရစေနော်"
"အင်း ကလေးကလွဲပြီးအဲ့နာမ်စားလေးကိုဘယ်သူမှမခေါ်ခွင့်မရှိဘူးဟုတ်ပြီလား"
"ဒါမှ ခွန်းရဲ့ချယ်ကွ"
"မနက်ကျ ကျောင်းဘယ်သူလိုက်ပို့မှာလဲ"
"အဖေလိုက်ပို့မှာထင်တယ်ချယ် ဘာလို့လဲဟင်"
"ဟို ကလေးနဲ့ကျောင်းတူတူသွားချင်လို့ရယ်"
"ဟင် တကယ်သွားချင်တာလားခွန်းနဲ့ ဒါဆိုခွန်းမနက်ကျချယ့်အိမ်လာခဲ့မယ်နော် တူတူသွားကြမယ်ဟီး"
"အင်း စောင့်နေမယ်"
ဒီအမျိုးသမီးဟာလေနွေးထွေးမှုပေးလွန်းသည်။ထိုအမျိုးသမီးအနားမှာရှိနေရတယ်ဆိုတဲ့စိတ်ကလေးနဲ့တင်အရာရာပြီးပြည့်စုံသလိုခံစားရသည်။ချစ်ခြင်းမေတ္တာဟာသိပ်ကိုမှထူးဆန်းလွန်းမနေဘူးလား။ချစ်မိသွားတော့လည်း ထိချင် ရိချင် တွယ်ငြိချင်။
YOU ARE READING
နှင်းဆီနီနီ (Completed)
No FicciónAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်