ခွန်းဆေးရုံဆင်းပြီးတော့လရောင်ဟာခွန်းဆီရောက်လာတော့သည်။
"ခွန်း နင်အဲ့လိုလုပ်လိမ့်မယ်လို့မထင်ထားဘူးဟာ ဘာလို့များဘာလို့များအဲ့လိုလုပ်ရတာလဲငါ့ကိုတစ်ယောက်ထည်းထားသွားချင်တာလား"
လရောင်ဟာဟာကလေးလေးလိုအော်ငိုနေတော့သည်မို့ရီရခက်ငိုရခက်ဖြစ်နေပြီ။
"မငိုပါနဲ့ဟာကလေးလဲမဟုတ်ပဲနဲ့"
"နောက်တစ်ခါဘယ်တော့မှအဲ့လိုမလုပ်တော့ပါဘူးလို့ကတိပေး ကိုယ့်ဘ၀ကိုတန်ဖိုးထားတက်စမ်းပါခွန်းရယ်"
"အေးပါငါကတိပေးတယ် ဒါနဲ့ငါ့အကြောင်းတွေကိုချယ်မသိပါစေနဲ့ နင်ပြန်မပြောဘူးလို့ကတိပေး"
"ဘာလို့လဲတီချယ့်ကြောင့်နင်အဲ့လိုဖြစ်ရတာလေသူသိသင့်တယ်ငါသွားပြောမှာ"
"ထားလိုက်ပါဟာငါအခုဘာမှမဖြစ်တော့ဘူးလေချယ့်အတွက်ကြောင့်နဲ့ငါအဲ့လိုလုပ်ခဲ့မှန်းသိရင်ချယ်စိတ်မကောင်းဖြစ်သွားမှာပေါ့"
"အဲ့လောက်ထိတောင်ချစ်တာလားခွန်း"
"အဲ့ထက်တောင်ပိုတယ်"
ပြောရင်းခွန်းမျက်နှာလေးဟာညိုးကျသွားသည်မို့လရောင်လဲဘာမှဆက်မပြောတော့ပဲပြန်လာတော့သည်။
ဒီလိုနဲ့ပဲအချိန်တွေကြာလာတော့သည်။ခွန်းလဲပုံမှန်အတိုင်းကျောင်းတက်လို့ကျောင်းတောင်ပြီးသွားပြီဖြစ်သည်။ခွန်းအဖေဟာခွန်းကိုနိုင်ငံခြားမှာကျောင်းဆက်တက်ဖို့တိုက်တွန်းသည်မို့ခွန်းလက်ခံလိုက်သည်။
ရေခြားမြေခြားမှာဆိုသတိရတဲ့စိတ်ကနည်းနည်းလေးဖြစ်ဖြစ်လျော့သွားမလားဆိုတဲ့အတွေးနှင့်ပင်။"ချယ်"
"ကလေး ဘယ်သွားမလို့လဲ"
နှောင်းတစ်ယောက်ညနေခင်းဈေးထွက်၀ယ်စဉ်သူမကလေးဖြင့်မထင်မှတ်ပဲဆုံတွေ့ခဲ့သည်။
ထိုကလေးဟာအစကတော့နှောင်းကိုမခေါ်ပဲကြည့်သာကြည့်နေပြီးမှချယ်ဆိုတဲ့အသံသေးသေးကလေးဖြင့်ခေါ်လာသည်။
"ဘယ်မှမသွားပါဘူးလမ်းထွက်လျှောက်တာပါ"
"အော်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်