"ကတိမတည်တဲ့ ကလေးစုတ် ပန်းအကြောင်းတစ်ချက်ကလေးတောင်ဟမလာဘူး"
ခွန်းပြန်သွားတာကိုကြည့်ပြီးနှောင်းတစ်ယောက်ထိုသို့ဆိုမိသည်။
"အယ် ညမနှောင်းဘာတွေပြောနေတာလဲပွစိစိနဲ့တစ်ယောက်ထည်း"
"ဟင် ဘာမှမပြောပါဘူးအစ်မသူဇာရယ်ဒီတိုင်းပဲဟိုတွေးဒီတွေးတွေးနေတာပါ"
"အေးပါအေးပါ"
ခွန်းကတော့တစ်လမ်းလုံး၀မ်းနည်းရင်းဖြင့်အိမ်ပြန်ရောက်လာသည် ခြံထဲ၀င်တော့နှင်းဆီပန်းလေးတွေကိုတွေ့လိုက်ရသည်မို့တီချယ့်ကိုပေးရတော့မည်ကိုတွေးပြီးပြုံးနေမိသည် ကြည့်ရတာဦးလေးထွန်းသေချာစိုက်ပေးထားသည်ထင်ပါရဲ့ပန်းလေးတွေဟာသိပ်ကိုလှနေပါရောလား ခွန်းကတော့တီချယ့်ကြောင့်နဲ့ပန်းလေးတွေကိုချစ်တက်လာတော့သည်။
"အမေ ပြန်ရောက်ပီ ညနေကျရင်တီချယ့်ဆီသွားမာနော်ကိုယ့်ဘာသာသွားမယ်လိုက်မပို့နဲ့"
"ဟုတ်ပါပြီ လာ အရင်အိမ်ထဲ၀င်ပါအုန်း"
"ခနနားပြီးရေချိုးတော့မှာအမေ အပေါ်တက်တော့မယ်"
"နေပါအုန်း သမီးလေးဘာဖြစ်လာတာလဲ မျက်နှာလဲမကောင်းဘူး နေမကောင်းလို့လား"
"ကောင်းပါတယ်အမေရယ် အပေါ်တက်တော့မယ်"
ခွန်း၀မ်းနည်းနေတာသိသာပုံရသည်အဲ့တာတီချယ့်ကြောင့်လို့ခွန်းတွေးလိုက်မိသည်။
"တီချယ်က ငါ့များစိတ်ဆိုးနေတာလား စိတ်ဆိုးရအောင်ငါဘာများလုပ်မိလို့ပါလိမ့် ဟာ ရူးတော့မာပဲမသိတော့ဘူး"
ဒီလိုနဲ့ညနေစောင်းတော့တီချယ့်ဆီမသွားခင်နှင်းဆီနီလေးအားခူးလိုက်သည်ထို့နောက်စက်ဘီးလေးဖြင့်သူမ၏အချစ်တော်တီချယ့်ဆီသွားတော့သည်။
"တီချယ် ဗျို့တီချယ် ခွန်းရောက်ပြီ"
ခြံတံခါးပိတ်ထားသည်မို့ခွန်းလှမ်းအော်ရသည် ခွန်းအသံလည်းကြားရောအိမ်ထဲမှထွက်လာသူသည်တီချယ်မဟုတ်ပဲတီချယ့်အမေဖြစ်သည်။
"သမီးလေး လာပြီလား သမီးတီချယ်ရေချိုးနေလို့ရယ် လာအထဲ၀င်"
YOU ARE READING
နှင်းဆီနီနီ (Completed)
No FicciónAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်