"မင်းကိုယ့်ကိုငြင်းဆန်နေရတဲ့အကြောင်းအရင်းကဒါကြောင့်ကို စိတ်မကောင်းပါဘူးကလေးမရယ်နှောင်းရိပ်မေကိုမင်းလက်ထဲကလုယူရတော့မယ်"
နှောင်းနောက်ကိုနောက်ယောင်ခံလိုက်ပြီးသူမခွန်းကိုအိမ်ပြန်လိုက်ပို့ချိန်အနောက်ကနေမသိမသာလိုက်လာပြီးvideoခိုးရိုက်နေသူမှာစည်သူဆိုတဲ့လူရဲ့တပည့်ပင်ဖြစ်သည်။
"မိန်းမဒီကိုလာကြည့်အုန်း"
"ဘာများလဲအလန့်တကြားနဲ့ယောင်္ကျားရယ်"
"ဒီvideoကိုကြည့်စမ်းမင်းရဲ့သမီးနဲ့သူ့ဆရာမမဟုတ်လားသူတို့ကကြိုက်နေကြတာပဲ တောက်စ်"
စည်သူဆိုတဲ့လူဟာခွန်းမိသားစုအကြောင်းကိုလည်းမရရအောင်အကုန်စုံစမ်းထားသူဖြစ်သည်။ယခုလဲခွန်းနဲ့နှောင်းတို့ရဲ့videoကိုခွန်းအဖေဆီသို့ပို့လိုက်ခြင်းဖြစ်သည်။
"မ မဖြစ်နိုင်တာ သမီးလေးကဘာဖြစ်လို့အဲ့လိုမျိုးမဟုတ်လောက်ပါဘူးယောင်္ကျားရယ်"
"ဒီမှာမင်းသေချာကြည့်စမ်းပါကွာဒီလိုမျိုးနမ်းနေတာတောင်မဖြစ်နိုင်ပါဘူးလို့ပြောချင်သေးတာလားဟမ်ဘယ်ဆရာတပည့်မှအဲ့သလိုမလုပ်ကြဘူးမိဘမျက်နှာကိုအိုးမဲသုတ်တဲ့သမီး"
"ကျွန်မသမီးကိုသေချာမေးကြည့်ရမယ်"
"ဘာမှမမေးနဲ့မသိသလိုနေဒီကိစ္စငါကိုယ်တိုင်ပြတ်ပြတ်သားသားလုပ်မယ်"
"ဖြစ်ပါ့မလားယောင်္ကျားရယ်"
"မဖြစ်ဖြစ်အောင်လုပ်မယ်ငါ့သမီးကိုအဲ့လိုအဖြစ်မခံနိုင်ဘူးသူတို့ဝေးကိုဝေးစေရမယ်မင်းသမီးပြန်လာရင်ဘာမှမသိသလိုနေ"
ခနနေတော့ခွန်းအိမ်ပြန်ရောက်လာပါတော့သည်။သူမနဲ့နှောင်းတို့ရဲ့အချစ်ခရီးလမ်းဟာမဖြောင်းဖြူးတော့မှာကိုတော့သူမလုံး၀ကိုမသိခဲ့ပါ။
"သမီး"
"ရှင်အမေ"
"သမီးမောင်စည်သူနဲ့လက်ထပ်ရမယ်"
"ဘာလို့လဲဘာလို့သမီးကအဲ့လူနဲ့လက်ထပ်ရမှာလဲ"
"အမေဖြစ်သူကကောင်းစေချင်လို့စီမံပေးနေတာလေနှောင်းရိပ်မေ ဘယ်လိုဖြစ်လို့အထွန့်တက်ချင်နေရတာလဲ။ပြောပြီးသားနော်မောင်စည်သူကလွှဲလို့ဘယ်သူနဲ့မှသဘောမတူနိုင်ဘူး"
YOU ARE READING
နှင်းဆီနီနီ (Completed)
No FicciónAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်