"ဟူးပူတယ် ငါအအေးသောက်မယ်"
"အအေးပဲလား"
"အေးဆေးပေါ့ အသေစားမှာမပူနဲ့"
"ကြိုက်သလောက်စားကျသလောက်ရှင်းမယ်"
"အိုကေပါ""ဟို"
ခွန်းတို့စားစရာမှာနေစဉ်ကောင်လေးတစ်ယောက်ဟာခွန်းတို့နားရောက်လာပြီးထိုသို့စကားစလေသည်။
"ဘာလဲ ဘာကိစ္စလဲအကြောင်းမရှိရင်လစ်"
"ဟဲ့ခွန်း နင်ကလဲစွာတာအေ ဒါနဲ့နင်ကငါတို့အတန်းထဲကမလား"
"ဟုတ်တယ်လေ ငါဘုန်းမြတ်သွင်"
"သိတယ် ဘာပြောချင်လို့လဲ"
"ငါ နင်တို့နဲ့သူငယ်ချင်းဖြစ်ချင်လို့"
"အားအားယားယားဘာကိစ္စဖြစ်ချင်ရတာ"
ခွန်းထိုသို့မေးတော့ထိုကောင်လေးဟာစဉ်းစားရကြပ်သွားသည့်ပုံ။
"ခွန်းရယ် သူငယ်ချင်းဖြစ်ချင်ပါတယ်ဆို သူငယ်ချင်းဖြစ်ချင်လို့ပေါ့ဟယ် လက်ခံလိုက်ပါ ငါတို့သူငယ်ချင်းတောင်ပိုရသေး"
"အေးပါ"
ဒီလိုနှင့်သုံးယောက်သားအတူမုန့်တွေစားပြီးအတန်းထဲပြန်လာတော့သည်။
"ဒီကလေးစုတ် တွေ့ကြသေးတာပေါ့"
နှောင်းထမင်းစားပြီးစာသင်ခန်းဘက်သို့ထွက်လာစဉ်ခွန်းနှင့်ကောင်လေးတစ်ယောက်ဟာစကားပြောရီမောရင်းဖြင့်အတန်းထဲ၀င်သွားသည်ကိုတွေ့လိုက်ရတာကြောင့်နှောင်းတစ်ယောက်သ၀န်တိုနေခြင်းသာဖြစ်သည်။
"စာသင်မယ်စာအုပ်ထုတ်"
နှောင်းမျက်နှာလေးကိုခွန်းကြည့်မိတော့ထိုအမျိုးသမီးဟာဆူပုတ်နေသည်မို့ဒီအမျိုးသမီးဘာတွေများအလိုမကျဖြစ်နေသလဲဟုတွေးမိသည်။
နှောင်းကိုကြည့်နေမှန်းသိသော်လည်းနှောင်းထိုကလေးကိုအဖက်မလုပ်စိတ်ဆိုးမိသည်။ ဒီကလေးဘာကြောင့်ယောင်္ကျားလေးတစ်ယောက်နှင့်ဒီလောက်ထိရီမောနေရသလဲ။အချိန်တန်လို့ဒီကလေးသာနှောင်းကိုပစ်သွားခဲ့ရင်ဆိုတဲ့အတွေးဟာရင်ကိုပူလောင်စေသည်။"ချယ် ဘာဖြစ်နေလဲမသိဘူး"
"အေးဟ နင့်ချယ်က ဆူပုတ်နေရော"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်