Part 10

210 9 0
                                    

ခွန်းအိမ်ပြန်ရောက်သော်နေမကောင်းဖြစ်နေတာကိုဂရုမစိုက်ပဲရေချိုးလိုက်သည်မို့အဖျားကပိုတက်လာသည်။

"သမီး နေမကောင်းတာကိုရေချိုးတာလား"

"ဟုတ်အမေ ရေချိုးလိုက်တာပိုဆိုးသွားလားမသိအဖျားတွေတက်လာသလိုပဲ"

"ဟယ် ဟုတ်ပါ့ ‌ဆေးခန်းသွားမလားသမီး ဒီနေ့ဘယ်မှမသွားနဲ့တော့အိမ်မာနားနားနေနေပဲနေ ဘာစားချင်လဲပြောအမေလုပ်ကျွေးမယ် ဆေးခန်းလေးပြလိုက်ပါလားမြန်မြန်သက်သာအောင်"

"ဆေးခန်းမသွားချင်ပါဘူး ချယ့်ဆီအခုသွားတော့မှာ"

"တစ်ရက်ပျက်လိုက်လို့ဘာမှမဖြစ်ဘူးသမီး မသွားနဲ့ဒီလောက်ကိုယ်တွေပူနေတဲ့ဟာကို"

"သွားမှာဗျာ ချယ်ဆေးတိုက်လိမ့်မယ် မနက်ကတောင်တိုက်တယ် သွားတော့မယ်နော်"

ထိုသို့ဆိုကာခွန်းသူမ၏အမျိုးသမီးဆီသွားရန်ပြင်လိုက်သည်။နှင်းဆီပန်းလေးခူးဖို့ကိုလည်းခွန်းဟာမမေ့မလျော့ပဲသူမသိပ်ချစ်ရသည့်အမျိုးသမီးအားပန်ဆင်ပေးနိုင်ဖို့အတွက်ခူးသွားလေသည်။

"ဟိုကလေး သက်ရောသက်သာရဲ့လားမသိပါဘူး"

နှောင်းတစ်ယောက်ခြံပေါက်ဝတွင်ခွန်းလာမည်ကိုမျှော်နေမိသည်။ထိုကလေးကိုသူမစိတ်ပူပါသည် ဘာအကြောင်းကြောင့်ရယ်မှန်းမသိထိုကလေးအနားသူမအမြဲရှိနေချင်သည်။သူမ‌‌လေးနှင့်အတူရှိနေရလျှင်နှောင်းပျော်ရွှင်မိသည်။ သေချာတယ်ဒါဟာအချစ်ပဲဖြစ်မည်ဟုနှောင်းတွေးမိသည်။နှောင်းသည်လည်းပဲထိုကလေးကိုချစ်နေမိသည်။မဖြစ်သင့်ဘူးလေ ဆရာမတစ်ယောက်အနေနဲ့ကိုယ့်တပည့်ကိုချစ်မိနေတယ်ဆိုတာလုံး၀ကိုမဖြစ်သင့်ဘူးမဟုတ်လား။သို့ပေမယ့်နှလုံးသားရဲ့အလိုကိုဘယ်သူကများလွန်ဆန်လို့ရနိုင်ပါ့မလဲ။

သူမခွန်းကိုစောင့်နေစဉ် ခြံရှေ့နားလေးသို့စက်ဘီးလေးဖြင့်ရောက်လာသည့်ပုံရိပ်လေးကြောင့် ပါးချိုင့်သေးသေးလေးပေါ်လာသည်အထိပြုံးမိပြီးခြေလှမ်းတို့ကအမြန်ပင်သူမချစ်မိနေသည့်ထိုကလေးနားရောက်သွားတော့သည်။

နှင်းဆီနီနီ (Completed)Where stories live. Discover now