Part 34

310 17 3
                                    

"ချယ်ရေ ချယ်ချယ်ရေ ချယ်အလှလေးရေ"

ခွန်းဟာတစ်နေကုန်ကိုချယ်ရေချယ်ရေဆိုပြီးပါးစပ်ဖျားကကိုမချ။ နှောင်းကတော့အရင်ကလိုမဟုတ်တော့ပဲအချွဲပိုလာတဲ့သူမကလေးကိုအသည်းတယားယားသာဖြစ်နေတော့သည်။

"ဟော ဒီကလေးသိပ်ချွဲ‌လာတာပါလား"

"ချစ်လို့ချွဲတာလေချယ်ကမကြိုက်ဘူးလားပြော"

"ကြိုက်ပါရဲ့ရှင် ချစ်စရာလေးကွယ်ချယ့်ကလေးလေးက"

နှောင်းဟာထိုသို့ပြောပြီးခွန်းပါးလေးတွေကိုခပ်ဖွဖွလေးညှစ်နေတော့သည်။ ခွန်းဟာလူသာပိန်တာပါးလေးတွေကပြည့်ပြည့်လေးနှင့်ချစ်စရာလေးပင်။

"အာ ချယ်ကလဲခွန်းက ကလေးမဟုတ်တော့ပါဘူးနော် ချယ့်ကိုရှာကျွေးမယ့်အိမ်ထောင်ဦးစီးဖြစ်တော့မှာ"

"ဟောအိမ်ထောင်ဦးစီးကြီးပေါ့ဒီပိစိလေးက"

"ဟုတ်တယ် ဟုတ်တယ် ခွန်းကချယ့်ယောင်္ကျားချယ်ကခွန်းမိန်းမဟိဟိ"

"ဒီကလေးပေါက်တက်ကရတွေပြောနေပြန်ပြီ"

"ဟုတ်တယ်လေချယ်ကလဲ ခွန်းကိုယောင်္ကျားလို့ခေါ်ကြည့်ပါလား"

"ဟုတ်ကဲ့ပါယောင်္ကျားရှင့်"

"ဟားဟားချစ်စရာလေးကွာချယ်က လာပါအုန်းအာဘွားလေးပေးချင်လို့"

"ဟွန့် အမြဲနမ်းချင်နေတော့တာပဲနော်လူကိုဘာမှန်းမသိဘူးတော်တော့"

အပြောတစ်မျိုးအလုပ်တစ်မျိုးဆိုတာထိုအမျိုးသမီးပင်။ပါးစပ်ကသာပွစိစိနှင့်ပြောနေပေမယ့်တကယ်တမ်းကျတော့ခွန်းအနားလေးကိုချက်ချင်းရောက်လာသည့်ချယ့်‌ကြောင့်ရီချင်စိတ်ကိုမနည်းထိန်းနေရတော့သည်။

"ချယ်လဲအနမ်းခံချင်တာပဲမဟုတ်လားခွန်းခေါ်တော့ချက်ချင်းရောက်လာတာ"

"ဖြစ်ရမယ်တော်ပြီလာမနမ်းနဲ့"

"အဲ့လိုရမလား"

"မသိဘူးလာမနမ်းနဲ့"

"နမ်းမှာဗျာ"

ထိုသို့ပြောကာခွန်းဟာနှောင်းကိုမချီလိုက်ပြီးပေါင်ပေါ်တင်လိုက်ကာနှောင်းနှုတ်ခမ်းလေးကိုအမြန်ထိတွေ့လိုက်တော့သည်။သူမတို့၏အနမ်းများသည်အင်မတန်မှကိုကြာရှည်လွန်းလှသည်။

နှင်းဆီနီနီ (Completed)Where stories live. Discover now