ခွန်းလေကိုတစ်၀ကြီးရူသွင်းပစ်လိုက်သည်။မိမိနိုင်ငံကိုပြန်ပြီးခြေချရတာဟာလည်းရင်ခုန်မှုတစ်ခုပင်၊၇နှစ်တာဝေးကွာနေခဲ့ရသည့်ကိုယ့်နိုင်ငံဟာတိုးတက်ပြောင်းလဲလာသည်မို့ခွန်းပြုံးမိသည်။အိမ်ကလာကြိုသည်ကိုမတွေ့သေးသဖြင့်ခွန်းစောင့်နေလိုက်ရင်းအတွေးထဲ၀င်လာသူမှာထိုအမျိုးသမီးပင်။
ထိုအမျိုးသမီးကိုချစ်သည်။ဘယ်သူ့ကိုမှမချစ်ဖူးသည့်ချစ်ခြင်းမေတ္တာအပြည့်နှင့်ချစ်သည်။သူမရဲ့လက်ချောင်းသွယ်သွယ်လေးပေါ်ကမှည့်အနက်လေးကအစချီလို့ကိုယ်သင်းရနံ့လေးအဆုံးချစ်သည်။
ဘာကြောင့်အဲ့သလောက်ထိချစ်မိနေရတာလဲလို့တွေးမိရင်အဖြေမရှိပေ။ထိုအမျိုးသမီးဖြစ်နေလို့သာဖြစ်သည်။
အကြောင်းပြချက်တစ်စုံတစ်ရာမှမပါ၀င်ပဲအဖြူထည်ချစ်ခြင်းမေတ္တာတရားတွေနဲ့သစ္စာရှိစွာရှိသည်။ခွန်းသူမကိုယခုအချိန်ထိပျက်ပြယ်မသွားတဲ့အချစ်တွေနဲ့ချစ်နေဆဲဖြစ်သည်။ဆယ်ကျော်သက်အရွယ်မှာထိတွေ့ခွင့်ရခဲ့တဲ့အချစ်ဆိုတဲ့အရာဟာသေချာပေါက်ထိုအမျိုးသမီးပင်ဖြစ်သည်။
အတိတ်မှာနာကျင်ခဲ့ရပေမယ့်လို့ပျော်စရာကောင်းခဲ့သည်။ခွန်းအတွက်သူမပေးတဲ့နာကျင်မှုမို့လို့ပိုလို့တောင်မြတ်နိုးမိပါရဲ့၊အဲ့သည်လောက်ထိကိုခွန်းသူမကိုချစ်ခဲ့သည်မဟုတ်လား။ ချစ်သည်၊ မြတ်မြတ်နိုးနိုးနှင့်ချစ်သည်၊ ရူးမတက်ချစ်သည်၊ ဒီ့ထပ်ချစ်ကြောင်းဆက်ပြောရမယ်ဆို ရင်ထဲစူးနင့်လာပြီးအသက်ရှုကြပ်မတက်ဖြစ်လာသည်အထိပြောမပြတက်အောင်ချစ်သည်။
ခွန်းရဲ့ချစ်ခြင်းမေတ္တာတရားတွေကိုသူမရက်စက်စွာဥပေက္ခာပြုသွားခဲ့သည်။ ပြန်တွေးကြည့်ရင်နာကျင်စရာတွေပြည့်နှက်နေသည်သို့သော် သူမကိုခွန်းမမုန်းနိုင်ပါဘယ်လိုပဲဖြစ်နေပါစေလုံး၀မမုန်းနိုင်ပါ။သေမတက်နာကျင်ခဲ့ရတာတောင်မြူတစ်မှုန်လေးမျှမမုန်းရက်နိုင်ပါ။ ခွန်းအတွက်ထိုအမျိုးသမီးရဲ့ပျော်ရွှင်မှုကသာအဓိကကျသည်။ သူမနာကျင်ရလဲထိုအမျိုးသမီးပျော်နေရင်ဖြစ်သည်။
"သမီးလေး"
"အမေနဲ့အဖေ"
မိဘရဲ့ရင်ငွေ့ဟာလည်းသိပ်ကိုမှနွေးထွေးလွန်းလှသည်။ဘယ်သူ့ရင်ခွင်နဲ့ယှဉ်ယှဉ်မိဘတွေရဲ့ရင်ခွင်ကသာအလုံခြုံဆုံးနှင့်အနွေးထွေးဆုံးဖြစ်သည်။
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်