"ဟယ်လို ချယ်"
"ပြောပါရှင့်"
"လွမ်းလို့"
"အိုပိုပြီ ညနေကလေးတင်တွေ့ထားတဲ့ဟာကို"
"မသိဘူး ချယ့်ကိုစက္ကန့်တိုင်းလွမ်းနေတာ"
"အို ဒီကလေးနှယ့်တော့လား"
"အခုချယ့်ဆီလာချင်တယ်"
"ဟယ် အချိန်ကိုလဲကြည့်ပါအုန်းရှင်ရယ် အိပ်ချိန်တောင်ရောက်နေပြီကိုကွယ်"
"ခွန်းချယ့်ကိုအများကြီးလွမ်းနေလို့ချယ်ရောခွန်းကိုမလွမ်းဘူးလားဟင်"
"အို လွမ်းစရာလား"
"ဟွန့်ချယ်နော်"
"ဟွန့်ကလေးနော်"
"အသည်းယားအောင်လာမလုပ်နဲ့ဗျ ညနေကလိုအသက်တောင်ပေးမရှုပဲနမ်းပြစ်မှာ"
"အိုကွယ်"
"မလွမ်းဘူးလားတကယ်"
"လွမ်းတာပေါ့ကလေးရယ် ချယ့်စိတ်တွေကကလေးတစ်ယောက်ထည်းဆီပဲရောက်နေတာသိလား"
"ချယ့်နှုတ်ခမ်းလေးကိုပိုလွမ်းတယ်သိလား"
"မပြောနဲ့ဆို ရှက်တယ်"
"ရှက်တယ်ဆိုတော့လည်းမပြောတော့ပါဘူး ခွန်းကိုသီချင်းဆိုသိပ်ပါလားဟင်"
"သီချင်းဆိုသိပ်ရအောင်ရှင်လေးက ကလေးပေါက်စလေးမို့လို့လား"
"ကလေးပဲလေ ချယ့်ကလေး"
"အတက်ကလေး"
"ဆိုပြပါနော်နော် ချယ့်အသံချိုချိုလေးကိုမကြားရရင်အိပ်လို့မပျော်လောက်ဘူး"
"ဟုတ်ပါပြီကွယ် ဆိုပြမယ်နော်ကလေးလေး"
နှောင်း၏အသံချိုချိုလေးဖြင့်သီချင်းဆိုသိပ်မှုကြောင့်ခွန်းအိပ်ပင်ပျော်သွားတော့သည်အိမ်မက်ထဲတွင်တော့သူမသိပ်ချစ်ရသည့်အမျိုးသမီးနှင့်ဆုံတွေ့နေသည်။
မနက်ရောက်သော်နှောင်းတို့သားမိမနက်စာစားနေစဉ်စည်သူဆိုသည့်လူရောက်လာသည်မို့နှောင်းအင်မတန်စိတ်ညစ်သွားရသည်။
"လာ မောင်စည်သူ အန်တီတို့နဲ့မနက်စာတစ်ခါထည်းစားသွားလိုက်"
YOU ARE READING
နှင်းဆီနီနီ (Completed)
Non-FictionAge gap သံသရာတစ်ကွေ့မှာသေချာပေါက်ပြန်လည်ဆုံစည်းကြမယ်မဟုတ်လားမောင်