အချစ်၏ဖော်ပြခြင်းများ
အမည် - နေလင်းစစ်
မိဘ - ဦးနေကြည် + ဒေါ်လင်းသစ်
အလုပ်အကိုင် - ဆရာဝန်
အသက် - ၃၅
အရပ် - 6' 3"
တည်ကြည်တဲ့ရုပ်ရည် ဆွဲဆောင်မှုရှိတဲ့မျက်လုံး အသားအရေဖြူတဲ့ထဲမပါပေမယ့် အရမ်းကြီးလည်းမညို အသားလတ်တဲ့ထဲပါသူ အေးဆေးတည်ငြိမ်ပြီး အလုပ်သာလုပ် အချစ်ရေးကိစ္စစိတ်မဝင်စားတဲ့နေလင်းစစ် ဆိုသောသူအမည် - မီးပိုးအိမ်
မိဘ - ဦးမင်းအိမ် + ဒေါ်ပိုးစုရှင်
အလုပ်အကိုင် - မရှိ
အသက် - ၂၄
အရပ် - 5' 2"
ချောမောလှပပြီး ချစ်စရာကောင်းတဲ့ရုပ်ရည် ဖြူလွန်းတဲ့ အသားရေနဲ့လိုက်ဖက်လှတဲ့ပါးဖောင်းဖောင်းလေးနဲ့နှုတ်ခမ်းဖူးဖူးလေး အရှက်အကြောက်အရမ်းကြီးပြီး မိဘသဘောနေလာခဲ့သူ အိမ်ထဲကအိမ်ပြင်တောင်မထွက်ရဲ တစ်ယောက်ထဲဘယ်နေရာမှမသွားရဲမသွားတတ်တဲ့ မီးပိုးအိမ် ဆိုသောသူမထိုသူနှစ်ယောက် မိဘတွေရဲ့ သဘောဆန္ဒအရ လက်ထပ်ဖို့ကြံဖန်လာတဲ့အခါ နေလင်းစစ်ကိုမြင်ပြီး ချစ်မိသွားတဲ့ မီးပိုးအိမ်တစ်ယောက် အချစ်ရေးစိတ်မဝင်စားတဲ့နေလင်းစစ်ကို ချစ်လာအောင်လုပ်ဖို့နေနေသာသာ ယောက်ျားဖြစ်သူကိုမြင်ရင် လန့်ပြီး ကြောက်နေတတ်တဲ့သူမ ဘယ်လိုမျိုး ယောက်ျားဖြစ်သူချစ်လာအောင်လုပ်မလဲ မချစ်တတ်တဲ့နေလင်းစစ်ကရော ချစ်စရာကောင်းလွန်းတဲ့ မိန်းမဖြစ်သူ မီးပိုးအိမ်ကိုမချစ်ပဲနေနိုင်ပါ့မလား
ဒီဇာတ်လမ်းလေးကို အချစ်၏ဖော်ပြခြင်းများ လို့ပေးရခြင်းက မီးပိုးအိမ်ရဲ့အကြောက်လန့်ကြီးတဲ့အချစ်နဲ့ နေလင်းစစ်ရဲ့ တည်ငြိမ်အေးချမ်းဂရုစိုက်တတ်တဲ့အချစ်ကို ညွှန်းပြီးပေးထားခြင်းဖြစ်ပါတယ်
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romantikအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...