အချစ်၏ဖော်ပြခြင်းများ (၃၆)

2K 42 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၃၆)

" မီးလေး မီးလေး "

‌ခြံတံခါးရှေ့မှာ ရပ်ကာ အထဲကို အော်ခေါ်နေသောအမျိုးသားတစ်ယောက်

" မေမေကြီး ရှေ့မှာ နေလင်းစစ်ဆိုတဲ့သူရောက်နေပါတယ် "

" ဟင် အကို "

အကျင့်ပါနေတဲ့ ခြေလှမ်းတွေဟာ အကို့ဆီလှမ်းဖို့‌ပြင်လိုက်တော့...

" ပိုးလေး ဘယ်သွားမလို့လဲ သွား အခန်းထဲကို ငါ့အမိန့်မရမချင်း မထွက်ခဲ့နဲ့ "

" ရှင် မေမေကြီး "

" ကြီးညို မီးပိုးအိမ်ကိုစောင့်ကြည့်ထား "

" ဟုတ်ကဲ့ရှင့် "

" လာပါ သမီးပိုး "

လွန်ဆန်နိုင်စွမ်းမရှိတဲ့ မိန်းကလေးဟာ ဒေါ်ကြီးညိုရဲ့လက်ထဲ အရုပ်တစ်ရုပ်လို ‌ပါသွားရင်း...

" ဝင်လာခိုင်းလိုက် "

အထဲကိုဝင်ခဲ့ဆိုတဲ့ စကားတော်ကြောင့် နေလင်းစစ် အိမ်ထဲဝင်ခဲ့ပေမဲ့ သူမအရိပ်အယောင်တောင်မတွေ့

" မီးလေးရော ကျွန်တော် မီးလေးကို တွေ့ချင်တယ် "

" မင်းကများ ခွပ် * "

" အို...ဖေကြီး "

လည်ထွက်သွားတဲ့ မျက်နှာကို ပြန်တည့်လိုက်ပြီး...

" မီးလေး ဘယ်မှာလဲ "

သူနာကျင်မှုထက် ခုချိန် မီးလေးကို ရှင်းပြနိုင်ဖို့သာ အားခဲထားသည်...

" မင်းပါးစပ်က အဲ့လိုမေးဖို့တန်လား ဒီမှာ မင်းကို ငါက ငါ့မြေးမလေးနဲ့ ယူခိုင်းတာ သူ့ကို မင်းလှည့်စားဖို့မဟုတ်ဘူး "

" အားလုံး အထင်လွဲနေတာပါ "

" သက်သေတွေနဲ့ ပြည့်နှက်နေတာတောင် မင်းက ငြင်းသေးတယ်ပေါ့ ခုချိန်ကစပြီး မင်းနဲ့ပိုးလေးနဲ့ ဘာမှမသက်ဆိုင်တော့ဘူး "

" ဒါတော့ ဘယ်ရမလဲ သူက ကျွန်တော့်ဇနီးဗျ ခင်ဗျားတို့ကဆိုင်သာဆိုင်တာ မပိုင်တော့ဘူးဆိုတာလေးလည်း စဉ်းစားကြဦး "

လူကြီးတွေကို ရိုင်းစိုင်းစွာ တခါလေးတောင်မှ မရှိခဲ့ဖူးပေမဲ့ ခုတော့ ထိုလူကြီးတွေက သူ့စိတ်ကိုဆွပေးနေတော့.....သူသည်းမခံနိုင်တော့ပါ...

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now