အချစ်၏ဖော်ပြခြင်းများ (၃၀)

2.2K 47 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၃၀)

" ကိုကို. "

" အင်း "

သူမကို ပိုးကာ လမ်းလျှောက်လာရင်း ကျောပေါ်က သူမဆီမှ ခေါ်သံထွက်လာသောကြောင့် သူပြန်အသံပြုပေးလိုက်သည်...

" ကိုကို ဘယ်လိုလုပ် ဒီရောက်နေတာလဲ "

" ဘား ပိုင်ရှင်နဲ့လုပ်ဖော်ကိုင်ဖက်တွေလေ အလုပ်အရ ရောက်လာတာ  "

" အော် မသိပါဘူး "

" မင်းက မြို့တွင်းလည်းမဟုတ် မြို့ပြင်မှာရှိတဲ့ ဘားကို ဘာလာလုပ်တာ "

" ဝေဝေက သူငယ်ချင်းတွေခေါ်လို့လာတာလေ "

" ကျစ် သူငယ်ချင်းတွေခေါ်လည်း မြို့ထဲမှာ တွေ့လေကွာ "

" သူတို့က မြို့ပြင်ကလေ သူတို့ခေါ်တဲ့ဆီပဲ ဝေဝေလာရတာပေါ့လို့ "

" နောက်ခါ မသွားနဲ့ မြို့ပြင်ဆို "

" အဲ့တာဆို မြို့တွင်းဆိုရတာလား တော်ကြာ ဟိုလူနဲ့ထပ်တွေ့နေရင် ဘယ်လိုလုပ်မလဲ "

" အဲ့တာတော့ စိတ်ချထားလိုက် "

ကိုကို့စကားကြောင့် ဝေဝေထူးဆန်းသွားကာ

" ဟင် ဘာလို့လဲ "

" သိစရာမလိုဘူး "

ဝေဝေခေါင်းငြိမ့်ပြလိုက်ကာ ကိုကို့ပုခုံးပေါ်မှီလိုက်ကာ

" ကိုကို တည်းခိုခန်းလည်း ခုထိ မတွေ့သေးဘူး ကိုကိုဝေဝေကို သယ်ထားရတာ လေးမှာပဲ "

" ရောက်တော့မှာပါ ရှေ့နားမှာ တည်းခိုခန်းရှိတယ် "

" ဟုတ် "

အနည်းငယ်လျှောက်ပြီးနောက် ‌ကိုကိုပြောသည့်အတိုင်း တည်းခိုခန်းတွေ့ပါပြီ...

" ရောက်ပြီ "

" ရောက်ပြီလား ဝေဝေဆင်းမယ် "

စိုင်းထွဋ် သူမကို ထိုင်ခုံပေါ်ထိုင်ခိုင်းခဲ့ပြီး ကောင်တာဆီသို့ သွားလိုက်ပြီး အခန်းမေးမြန်းရသည်...

" တစ်ယောက်အိပ်နှစ်ခန်းပေးပါ "

" ဒီညအတွက် တစ်ယောက်အိပ်ခန်းတစ်ခန်းပဲကျန်ပါတော့တယ်ရှင့် "

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now