အချစ်၏ဖော်ပြခြင်းများ (၃၅)

2K 43 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၃၅)

လမ်းမထက် ကားတွေပိတ်နေတဲ့ကြားက စိတ်တေရှုပ်နေတဲ့ လူတစ်ယောက်ထိုင်နေတဲ့ကားတစ်စီး...

သူအချိန်နောက်ကျနေလို့ အမြန်မောင်းသော်လည်း အက်ဆီးဒင့်တစ်ခုကြောင့် လမ်းတွေက ပိတ်နေပြန်၏...သူမလေးဆီ ဖုန်းဆက်ဖို့ လုပ်တော့လည်း ဖုန်းအားကုန်ကာ စက်ပိတ်သွားတဲ့ သူ့ဖုန်းကိုကြည့်ပြီး သူစိတ်ပျက်သွားရ၏....

ပိုး အကို့ကို စောင့်နေတာ ၆နာရီတောင်ခွဲတော့မည် အခုထိ ရောက်မလာသေးပေ...ဖုန်းဆက်ကြည့်ပြန်တော့လည်း စက်ပိတ်ထားသည်သာ ပြောနေလေ‌သည်...

အကိုများ တစ်ခုခုဖြစ်နေမလားဆိုပြီး ပူပန်နေတဲ့စိတ်ကြောင့်ရယ် သူမ အားငယ်လာလေသည်....စားပွဲပေါ်က နှင်းဆီပန်းတွေရယ် ဖယောင်းတိုင်လေးတွေကိုကြည့်ပြီး အားတင်းကာ အကို့ကို ဆက်စောင့်နေလိုက်ပြီး...

" ကလေး ဖေဖေက လာမှာပါ မေတို့ တူတူစောင့်ကြမယ်နော် "

သူမ ဗိုက်ထဲကရင်သွေးလေးနဲ့ စကားတွေပြောနေမိပြန်သည်..

လက်ဆောင်ဘူးလေးကို ကြည့်လိုက် နာရီကိုကြည့်လိုက် လုပ်နေတဲ့ မမပိုးကိုကြည့်ကာ မိလုံးစိတ်မကောင်းဖြစ်မိသလို အခုထိ မလာသေးတဲ့ အကိုလေးကို ဒေါသထွက်မိသည်....

" တင် "

ပိုး လက်ဘေးမှာ ရှိနေတဲ့ ဖုန်းလေးက အသံနဲ့အတူပွင့်လာသောကြောင့် အကိုများလားဆိုပြီး ဖွင့်ကြည့်လိုက်ချိန်...

" အို... "

သူမ ထိပ်လန့်ခြောက်ခြားသွားကာ ထိုင်ရာကနေ ဆက်ခနဲ ထရပ်လိုက်မိသလို ပါးပြင်ကမျက်ရည်တွေစီးကျနေခဲ့သည်...

" မဟုတ်ဘူး မဖြစ်နိုင်ဘူး "

" မမပိုး ဘာဖြစ်လို့လဲ မမပိုး "

ရုတ်တရက် မျက်ရည်တွေကျလာတဲ့ မမပိုးကြောင့် မိလုံး အပြေးအနားသို့ သွားလိုက်ကာ...

" အမယ်လေး အကိုလေး "

မိလုံးမြင်လိုက်ရတာ မမပိုးဖုန်းထဲကပုံ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြည်နူးနေတဲ့ပုံ...ထို့ပြင် ထို‌ယောက်ျားက အကိုလေးဖြစ်ပြီး ထိုမိန်းမက ဟိုဝတ်လွှာဆိုတဲ့ အိမ်ကို လာသွားတဲ့မိန်းမ....

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now