အချစ်၏ဖော်ပြခြင်းများ (၁)

5.9K 83 1
                                    

နေရောင်ခြည်တောက်ပနေတဲ့အောက်မှာ စီးပွား‌ေရးဘွဲ့ဝတ်စုံနဲ့ မိန်းကလေးနှစ်ယောက် မီးပိုးအိမ်နဲ့ဝေဝေ

" ပိုး ငါ နှင်းတို့နဲ့ချိန်းထားတယ် ရုပ်ရှင်သွားကြည့်ကြမယ်လို့ပြောထားကြတယ် နင်ရောလိုက်ခဲ့ပါ့လား နော် သူစိမ်းတွေပေမဲ့ ကြောက်စရာမလိုပါဘူးဟ ငါရှိပါတယ် သူတို့ကလည်းခင်ဖို့ကောင်းပါတယ် လိုက်ခဲ့နော် ပိုး"

ဝေဝေ ပိုး ကို လိုက်ခဲ့ဖို့ အတင်းခေါ်နေရသည်လေ ဘာကြောင့်ဆို ပိုးက အရှက်ကြောက်သိပ်ကြီးတာ သူလည်းအသိပဲလေ သူစိမ်းတွေဆိုလည်း သိပ်ကြောက်တတ်တာ
ပိုးမေမေနဲ့ ဝေဝေ့ဖေဖေ‌နဲ့က မောင်နှမတွေ ဝေဝေတို့ရဲ့အဖွားမေမေကြီးက ဝေဝေကို ပိုး ကိုတစ်ယောက်ထဲ မထားခဲ့ရဘူးလို့ မှာထားတယ်လေ ဝေဝေ မေမေကြီးဆူမှာတော့ကြောက်ပါသည် ခုကလည်း ဝေဝေ သူငယ်ချင်းတွေနဲ့တွေ့ချင်လို့ ပိုး ကို ပူဆာနေရခြင်းဖြစ်သည်

"ဟင် ပိုး သူစိမ်းတွေနဲ့ဆို ကြောက်တယ် ဝေဝေ သွားချင်ရင် သွားပါ ပိုး ခြံစောင့်ဦးကြီးကိုပဲ ဖုန်းဆက်လာကြိုခိုင်းလိုက်ပါ့မယ်"

ပိုး က ဝေဝေနဲ့ ငယ်ငယ်ကတည်းက တူတူကျောင်းသွားကျောင်းပြန် လုပ်လာရသည်လေ မေမေတို့က ပိုး ကြောက်တတ်မှန်းသိတော့ ဝေဝေ့ကို အတန်းတူ အသက်တူတော့ပိုးအဖော်ရအောင် တူတူလာတတ်ခိုင်းခြင်းဖြစ်သည် ပိုး လည်းဝေဝေကို အားနာသည် ပိုး က သူငယ်ချင်းမရှိပေမဲ့ ဝေဝေကတော့ သူငယ်ချင်းတွေနဲ့တွေ့ချင်ရှာမှာပဲလို့ တွေးမိသောကြောင့် ဦးကြီးဆီပဲလာကြိုခိုင်းဖို့ ဖုန်းဆက်တော့မယ်လို့တွေးမိခြင်းဖြစ်သည်

" ဝေဝေ သွားချင်ရင်သွားပါ ပိုး က တကယ်ရတယ် အဆင်ပြေတယ် "

ပိုး ကထိုသို့ပြောတော့ ဝေဝေ အကြပ်ရိုက်လေပြီ
မေမေကြီးက ပိုး တစ်ယောက်ထဲ အိမ်ပြန်သွားရင် ဝေဝေအဆူခံရမှာ ကျိန်းသေပေါက်ပဲ

"ပိုး ရယ် လိုက်ခဲ့ပါ နင်တစ်ယောက်ထဲပြန်သွားရင် မေမေကြီးက ဆူမှာ သိရဲ့နဲ့ လိုက်ခဲ့ပါနော် နော် ပိုး ရုပ်ရှင်မကြည့်ဖူးဘူးမလား လာပါ သွားရအောင်"

ဝေဝေက မျက်နှာငယ်လေးနဲ့ပူဆာတော့ ပိုး မငြင်းတော့ပါ

"အင်းပါ ပိုး လိုက်ခဲ့ပါ့မယ် ဒါမဲ့ ဝေဝေ ပိုး ကိုတစ်ယောက်ထဲမထားနဲ့နော် ပိုးသူစိမ်းတွေနဲ့ မနေတတ်ဘူး နော်"

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now