အချစ်၏ဖော်ပြခြင်းများ - အခန်း (၁၃)
" မီးပိုးအိမ် မင်းအပေါ် ကိုယ့်စိတ်တွေ သေချာနေပြီထင်တယ် ဒီနေ့သာ မင်းကို ပြန်မတွေ့ခဲ့ရင် ကိုယ်ရူးသွားမလားဘဲ မင်းကို ဆုံးရှုံးသွားမှာ ကိုယ်ကြောက်နေမိတယ် "
နေလင်းစစ် စိတ်ထဲမှာ သူ့ခံစားချက်ကို သူနားလည်သွားခဲ့ပြီး စကားလုံးတွေ ရေရွတ်နေမိသည် သူမလေးကတော့ သူ့စိတ်ထဲကစကားတွေကို ဘယ်ကြားနိုင်ပါ့မလဲ
" ကိုယ်တောင်းပန်ပါတယ် ကိုယ်.... "
ပိုး အိပ်ပျော်လုနီးနီးမှာ လည်ပင်းနားမှာ လေငွေ့နွေးနွေးရိုက်ခတ်မှုကို ခံစားမိသည်နှင့်တစ်ပြိုင်နက် ခါးကိုဖက်တွယ်လာတဲ့ ယောက်ျားဆန်တဲ့လက်တစ်စုံ...
ရင်ထဲမှာ ခံစားလိုက်ရတဲ့ တုန်ရီမှုတွေ ရင်ခုန်မှုတွေကြောင့် အကို များကြားသွားမလား စိုးရိမ်မိသွားကာ ထပ်ကြားလိုက်ရတဲ့ စကားလုံးတွေကြောင့် ပိုး မျက်လုံးလေးကို ပြန်မှိတ်ပြီး ငြိမ်သက်နေလိုကိမိ၏
" ကိုယ်...မင်းကို နာကျင်စေမိတယ် ဟန်းနီးမွန်းမှာ ဒီလိုအဖြစ်မျိုးဖြစ်သွားေစတဲ့အတွက် ကိုယ့်ကို အပြစ်တင်လိုက်ပါလား အဲ့လိုသာဆို ကိုယ်စိတ်သန့်နိုင်မယ်ထင်တယ်
မီးပိုးအိမ် မင်းကိုယ်နဲ့လက်ထပ်ခဲ့တာ ကိုယ့်လိုပဲ မိဘသဘောအရလား မင်းရဲ့ဆန္ဒအရလား ကိုယ်သိချင်မိတယ် "ပိုး အကို့ကိုချစ်တာ အကို ကပိုးလက်ထပ်ရမယ်လူမှန်းမသိကတည်းကပါ အကိုကသာ...
" ဂွတ်နိုက် မီးလေး "
အကို့စကားသံအဆုံး နဖူးပေါ်ထိတွေ့လာတဲ့ ပူနွေးတဲ့နှုတ်ခမ်းတစ်စုံရယ် ခါးပေါ်မှာရစ်တွယ်ထားတဲ့ လက်က ပိုတင်းကြပ်သွားပြီး ပိုး လည်ပင်းနဲ့ပုခုံးကြားမှာ မျက်နှာလာအပ်ကာ...ခံစားလိုက်ရတဲ့ အသက်ရှူသံမှန်မှန်ကြောင့် အကို အိပ်သွားပြီဆိုတာ ပိုး ခန့်မှန်းမိသည်
ဂွတ်နိုက် အကို.... ပိုး အကို့ကို ချစ်ပါတယ် အရိုးရှင်းဆုံး အဖြူစင်ဆုံးနဲ့ပေါ့ ...
"ဟင်းးး ဟင်းးး ချမ်းတယ် ချမ်းတယ် ဟင်းးး"
တိုးရှလွန်းတဲ့ ညည်းညူသံတစ်ခုက နားထဲဝင်လာသောအခါ သူနိုးလာခဲ့ရသည်..
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...