အချစ်၏ဖော်ပြခြင်းများ (၃၁)

2.2K 55 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၃၁)

" အားး ကျွတ်ကျွတ် "

သူ ဆိုဖာခုံပေါ်မှာ အိပ်ပျော်သွားကာ ၆နာရီတောင်ရှိသွားပြီပဲ...သူမကိုလှမ်းကြည့်တော့ အိပ်မောကျနေတုန်း...

သူ သူမမနိုးစေရန် အသာယာလေး အခန်းထဲကထွက်လာလိုက်တော့...

" ဟဲ့ ကြားပြီးပြီလား မနေ့က ပြဿနာဖြစ်တဲ့ အခန်းက ကောင်မလေးကို သူ့အိမ်က အမွေဖြတ်စွန့်လွှတ်လိုက်ပြီတဲ့ "

" ဟုတ်လို့လားဟယ် "

" ဟုတ်ပါတယ်ဆို ယောက်ျားတစ်ယောက်နဲ့ တွေ့တာဆိုပဲ ခုတောင် လိုင်းပေါ်မှာ ပြန့်နေပြီ "

" အယ် သူတို့ကလည်း စည်းလေးဘာလေးမရှိဘဲ ရည်းစားဘဝနဲ့ အိပ်ယာပေါ်ရောက်နေကြတာလားမသိဘူး "

စိုင်းထွဋ် ဘေးနားက ကောင်မလေးတွေပြောတာကြားပြီး သူတို့ကို ပြောနေမှန်းသိပါတယ်...သူ ပြဿနာမဖြစ်ချင်တာမို့ ဒီတိုင်းငြိမ်နေလိုက်ရင်း....

" ဟဲ့ကောင်မ အထူးသတင်း "

" ဘာတုန်းဟဲ့ "

" မြေးဖြစ်သူ ဝေဝေကို အမွေဖြတ်စွန့်လွှတ်ခြင်းတဲ့ "

" ဟယ် သူတို့ကလည်း အသိုင်းဝိုင်းနဲ့မြေးနဲ့ဆို မြေးကို စွန့်ပစ်တာတော့ "

စိုင်းထွဋ် သူ့ဖုန်းကို ဖွင့်ကြည့်လိုက်တော့ ဟုတ်ပါသည် fbမှာ အတော်ကို ပြန့်နှံ့နေလေပြီဖြစ်သည်..

" ဟင် ဝေဝေ..."

သူ သူမနိုးလာ၍ ထိုသတင်းတွေကို ‌မြင်သွားမည်စိုးကာ အခန်းသို့ ပြန်လည် ပြေးလာလိုက်သည်...

" ဟူး "

အခုထိ အိပ်စက်နေတဲ့ သူမကို မြင်လိုက်တာမို့ သူ သက်ပြင်းချလိုက်ရင်း ဆိုဖာမှာ ထိုင်လိုက်ချိန်...

တူ တူ တူ *

စားပွဲမှာ တင်ထားတဲ့ မြည်လာတဲ့ သူမဖုန်းကို ကြည့်လိုက်တော့ ပိုး ဆိုလို့ သူကောက်ကိုင်လိုက်ကာ....

" ဟယ်လို ဝေဝေလား ဘယ်လိုတွေဖြစ်တာလဲ မေမေကြီးတို့က ဘာလို့ အဲ့လို လုပ်ရတာလဲ ဝေဝေ "

" ဟယ်လို မီးပိုးအိမ်လား ကျွန်တော်စိုင်းထွဋ်ပါ "

" ဟင် ကိုစိုင်းထွဋ်က ဘယ်လို..."

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now