အချစ်၏ဖော်ပြခြင်းများ - အခန်း(၅)
နေလင်းစစ် ဆေးရုံရောက်တော့ အမေ့ဆီ ဖုန်းလှမ်းဆက်ရလေသည် မဟုတ်ရင် သူ့ကိုထမင်းစားစောင့်နေမည်မဟုတ်လား
" ဟယ်လို အေး သား သမီးလေးကို ပို့ခဲ့ပြီလား အဆင်ပြေခဲ့ကြလား "
" ဟုတ်ကဲ့ အကုန်လုံးပြေခဲ့ပါတယ်ဗျာ ကျွန်တော် အခုဖုန်းဆက်တာ ဒီနေ့ည ကျွန်တော် အလုပ်ရှုပ်မှာမို့ ဆေးရုံမှာအိပ်လိုက်တော့မယ် မေမေ ဒီနေ့ ကြီးမေ ကိုအိမ်မပြန်ခိုင်းပဲ အဖော်ပြုခိုင်းလိုက် "
" မေမေသိပါတယ် သားရယ် ထမင်းကရော စားပြီးပြီလား "
" ပြီးပြီ ခုလေးတင် ဆေးရုံမှာပဲစားလိုက်တော့တယ်ဗျ မေမေရော စားပြီးပြီလား "
" အေးအေးစားပြီးပြီသား အလုပ်ရှုပ်နေရင် မေမေဖုန်းချလိုက်တော့မယ် ဂရုစိုက်နော် "
" ဟုတ်ကဲ့ပါဗျာ မေမေ့သားက ၃၅ နှစ်ရှိနေပါပြီ ကလေးမဟုတ်တော့ပါဘူးဗျ "
" အော် ၃၅နှစ်ဖြစ်လို့ ၈၀ ၉၀ဖြစ်ပါစေ မေမေ့သားက မေ့အတွက်တော့ အမြဲကလေးပဲ "
" ဟုတ်ပါပြီဗျာ မာတာမိခင်လေး သဘောအတိုင်းပါဗျ ဒါဆို ကျွန်တော် ဖုန်းချလိုက်ေတာ့မယ်နော် "
" အဟင်း ဟုတ်ပြီသား "
နေလင်းစစ် သူဒီလို ဆေးရုံမှာ ညထိနေရတဲ့အခါမျိုးဆို အိမ်ကိုလာကူပေးတဲ့ ကြီးမေကို အလုပ်သမားအိမ်ပြန် မအိပ်ခိုင်းဘဲ အိမ်ထဲမှာအိပ်ခိုင်းရသည်လေ ခြံစောင့်ဦးမျိုးကလည်း ညစောင့်ရတာစိတ်ချရလေသည် ဟိုးဖေဖေရှိကတည်းက လုပ်လာခဲ့ကြတဲ့သူတွေဆိုတော့ သူစိတ်ပူတာတစ်ခုလျော့ရသည်
" ဆရာ ဆရာ "
နေလင်းစစ် ဖေဖေ့အကြောင်းပြောရင်း သတိရသွား၍ အတိတ်မှာမျောနေစဉ် ဘေးက ဝတ်လွှာ၏ ခေါ်သံကြားလိုက်ရသည်
" အော် အေး ဝတ်လွှာ ပြန်ချင်ပြန်တော့လေ မိုးလည်းချုပ်နေပြီ ငါတစ်ယောက်တည်းလည်း ရတယ် အကူမလိုဘူး "
" ရပါတယ် ဆရာရဲ့ ဝတ်လွှာလည်း စာရင်းလေးတွေ မပြီးသေးလို့ပါ "
ဝတ်လွှာ ဖြီးဖြန်းပြောလိုက်လေသည် တကယ်တော့ ဆရာနဲ့အချိန်ပိုရှိချင်လို့ဆိုတာ ဝတ်လွှာကလွဲ ဘယ်သူကသိမှာလဲ
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...