အချစ်၏ဖော်ပြခြင်းများ (၁၆)

2.6K 57 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၁၆)

" နေဉီးလေ ဝေဝေ ပိုး ရော လိုက်ခဲ့မယ် "

ပိုး ဝေဝေ ခုနကကတည်းက မျက်နှာမကောင်းတာ သိလို့ လိုက်မလို့ကြံလိုက်ပေမဲ့....ထိုအချိန်...

" ဘယ်လိုက်သွားမလို့လဲ မလိုက်ရဘူး "

ပိုးရဲ့လက်ကို ရုတ်တရက် ဖမ်းဆွဲလာတဲ့ အကို့ကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားရ၏

" ဟို..ပိုး..."

" ခြံထဲက လေစိမ်းတွေတိုက်တယ် သက်သာတာမကြာသေးဘူး ပြန်ဖျားလိမ့်မယ် မီးလေးရဲ့ "

အကို့ကို လွန်ဆန်နိုင်ခြင်းမရှိသောကြောင့် ပိုး တိတ်တဆိတ် နေလိုက်ကာ...ထွက်ခွာသွားသော ဝေဝေ့ကျောပြင်ကို စိုးရိမ်ပူပန်မှုတွေနဲ့မျက်လုံးအစုံကကပ်ပါသွားရင်း..

" လာ အပေါ်သွားရအောင် မီးလေး "

အကိုက ပိုး ရဲ့ ပုခုံးကို ဖွဖွလေးဖက်ပြီး ထိန်းကိုင်ပေးရင်း အပေါ်သွားမယ်ကြံချိန်..

" အိုမို ငါသိ‌တဲ့နေလင်းစစ်ရော ဟုတ်ရဲ့လား "

နေလင်းစစ် ရွှတ်နောက်နောက် ပြောလာတဲ့ မိုး ကိုကြည့်ပြီး မိုး ဘေးကပ်ရပ်ပြီး တိုးတိုးလေးပြောပြလိုက်သည်က

" နင်သိထားတဲ့ နေလင်းစစ်နဲ့ ခုနေလင်းစစ်က တူညီပေမဲ့ နှလုံးသားတော့မတူညီတော့ဘူးလေ "

အကိုက မမမိုးကို ဘာတွေပြောနေလဲ ပိုးမကြားရပါ အကိုက မမမိုး ဘဲကြားစေချင်လို့လား ပိုး ကိုမသိစေချင်တာများလား ပိုး အတွေးတွေလွန်သွားမိသည်

" အမယ်လေး နေလင်းစစ်ရယ် သည်းသည်းလှုပ် နောက်ဆုံးတော့ အလုပ်ပဲလုပ်နေတဲ့သူက ဇနီးလေးနဲ့တွေ့မှ ဦးစားပေးပြောင်းတော့မယ်ဗျို့..."

" အို... "

မမိုးရောင်ခြယ်၏စကားကြောင့် ရှက်ရွံစွာ ခေါင်းငုံ့လိုက်မိသူက မီးပိုးအိမ်သာ... အကို့ကတော့ ပိုး ကိုအသာဖက်ကာ သွားနေသည်မို့ အကို့မျက်နှာကို မသိမသာ ခိုးကြည့်‌ေန‌မိ သည်...အကိုရော ပြုံးများနေမလား ဒါမှမဟုတ် မနှစ်မြို့စွာ မျက်မှောင်ကုတ်နေမလား....

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now