အချစ်၏ဖော်ပြခြင်းများ - အခန်း (၁၇)
ရှပ်! ရှပ်!
ဝေဝေ အတွေးတွေထဲ နစ်မြောနေရင်း ခြေသံကြားလိုက်ရသောကြောင့် မျက်ရည်တွေကို အလျင်မြန် သုတ်ပစ်လိုက်ရင်း...
" မင်း ဒီမှာအကြာကြီး ဘာထိုင်လုပ်နေတာလဲ ဟိုမှာ ထမင်းစားဖို့ စောင့်နေကြတယ် မသိဘူးလားကွ "
ကိုကို...ကိုကိုက ဝေဝေ့ကိုဆို အမြဲတမ်း အဲ့လိုပဲနော် ဘာလို့လဲ...
စိုင်းထွဋ်စကားအဆုံး ဝေဝေ စိတ်ထဲပိုကာဝမ်းနည်းသွားမိသည် သို့သော် သူ အော်ဟစ်ပေါက်ကွဲလိုက်ဖို့နေနေသာသာ အားအင်တွေတောင်မရှိတော့ဘူးမလား....
" ဝေဝေ မဆာလို့ပါ ကိုစိုင်းထွဋ် "
မေးမြန်းချင်နေတဲ့ ရင်ထဲက စကားတွေကို မြိုသိပ်ရင်း...ဝေဝေ ကိုကို့ဘေးကနေ ပြေးထွက်ပြီး အိမ်ထဲပြေးဝင်လာခဲ့လိုက်သည်..
" ဟ ဘာလဲကွ ငါဘာမှလည်းမလုပ်မိပါဘူး "
" ဝေဝေ ထမင်းမစားတော့ဘူးလား "
" ဝေဝေ မဆာဘူး ပိုး ဟို...ဝေဝေ့ကို ခွင့်ပြုပါဦး "
ပြောပြီးပြီးချင်း အခန်းထဲကို ပြေးဝင်သွားတဲ့ ဝေဝေ့ကိုကြည့်ပြီး ပိုး စိတ်မကောင်းဖြစ်သွားမိရင်း...
" ကျစ် ငိုနေတဲ့သူကို ငါဘာလို့အော်လိုက်မိရတာလဲကွာ "
သူစိတ်မကောင်းဖြစ်ပြီး တောင်းပန်မလို့ သူမနောက်က လိုက်လာခဲ့ပေမဲ့ အခန်းထဲကိုဝင်သွားသောကြောင့် သူထမင်းစားပွဲမှာ ထိုင်လိုက်တော့..
" ဖြောင်း "
" အ! နာလိုက်တာ "
ဝင်ထိုင်လာတဲ့ စိုင်းထွဋ် နောက်ကျောကို မိုး တီးပလိုက်တော့ ငနာက.."ဖြေးဖြေးလုပ်ပါ မိုးရယ် ငါဘာများလုပ်မိလို့လဲဟ "
" နင့်ကြောင့်မဟုတ်ဘူးလား နင်ဟာလေ တကယ်ပဲ ဟိုမှာ ကလေးက စိတ်ညစ်နေတာလားမသိဘဲ ဘာတွေသွားပြောလိုက်မှန်းမှမသိတာ "
" နည်းနည်းအော်လိုက်မိရုံပါ "
" အဲ့တော့ ကျေးဇူးတင်ပေးရမှာလား "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...