အချစ်၏ဖော်ပြခြင်းများ (၂၇)

2.3K 45 2
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၂၇)

ကလစ်*

" ဟင်  "

ပိုး အကိုရှိတယ်ဆိုတဲ့ အခန်းကိုရောက်လာပေမဲ့ အလင်းရောင်မှိန်ပြပြသာရှိသည့် အခန်းဖြစ်နေသောကြောင့်...

" အကို... အကို... "

ဂျက်*

ရှပ်ရှပ် !

နောက်ကျောဘက်ဆီမှ တံခါးပိတ်သံကြားလိုက်ပြီးနောက် နီးကပ်လာတဲ့ ခြေသံ..

" အကို..အကိုလား "

ပိုပိုနီးလာသမျှ ပြင်းရလာတဲ့ ရေမွှေးနံ့...

" ဟင် အကို အကိုမဟုတ်ဘူး ဘယ်သူလဲ "

နှာခေါင်းထဲကို တိုးဝင်လာတဲ့ရနံ့ဟာ ပိုးအတွက်စိမ်းသက်နေပြီး အကို့ရဲ့ ကိုယ်သင်းန့ံ မဟုတ်တာ သေချာတော့...ဘာကိုမှလည်း မမြင်ရတဲ့အခန်းထဲမှာ...ပိုး ကြောက်ရွံ့လာမိကာ ထွက်သွားဖို့ပြင်ချိန်

" အာ့ "

ပိုးရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလာတဲ့ အားသန်တဲ့ လက်တစ်စုံ...

" ဘယ်ပြေးမလို့လဲ ကလေးရဲ့ ကိုယ်က မင်းကို လိုချင်လို့ဟာကို "

" ရှင် ဘယ်သူလဲ လွှတ် ကျွန်မကို အ့ "

ပိုး ခံစားနေရတာ ပိုပိုပြီး ပြင်းရှလာသည် အဟင့် သူမ ငိုချင်နေပြီ ဒီခံစားချက် သူမအတွက် အရမ်းထူးဆန်းလွန်းနေသည်...

" အဟား မင်းလည်းလိုချင်နေပြီမလား လာပါ ကိုယ်နဲ့အတူ ပျော်ရအောင် "

" ဟင့်အင်း လွှတ် "

တစ်ချက်တစ်ချက် အသိစိတ်လွတ်လွတ်သွားကာ ပိုး စိတ်ကို အရမ်းချုပ်ထိန်းထားရသည် ဘာလို့လဲ သူမ ဘာဖြစ်နေရတာလဲ...

‌ဘုတ်*

ပိုး တွန်းချခံလိုက်ရကာ ကျောပြင်နှင့်ထိကပ်သွားကာ မွေ့ရာဆိုတာ သိပြီး အတင်းရုန်းထပေမဲ့ မမြင်ရတဲ့ ထိုလူဟာ ပိုး ကို အတင်းချုပ်ထားလေသည်...

" အား လွှတ် "

နေလင်းစစ် အပြေးလွှားလာခဲ့ကာ အခန်းနံပါတ် ၅ ရှေ့ရောက်တော့ ခြေလှမ်းတွေ အလိုလို ရပ်သွားရင်း...

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now