အချစ်၏ဖော်ပြခြင်းများ (၃၄)

1.9K 44 0
                                    

အချစ်ဖော်ပြခြင်းများ - အခန်း (၃၄)

လူနာတွေကို စစ်ဆေးကြည့်ရှုနေပေမယ့် စိတ်ကတော့ ညနေအမြန်ရောက်ချင်စေချင်နေမိသောသူ နေလင်းစစ်...

" ဒေါက်တာ ဒေါက်တာ "

" အော် အင်း "

သူ့ရဲ့ လက်ထောက်အသစ်ကောင်လေးရဲ့ ခေါ်သံတောင်မကြားနိုင် သူမဘာတွေများပြောမလို့လဲလို့သာ တွေးတောနေမိရင်း....

" ဆေးရုံအုပ်ကြီးက အခုအစည်းအဝေး‌တဲ့ "

" အော် အင်းသိပြီ "

~~~~~~~~

အစည်းအဝေးချိန်တစ်ချိန်လုံးလည်း သူ့စိတ်တွေလုံးဝအာရုံစိုက်လို့မရခဲ့သောကြောင့် ကော်ဖီဖြစ်ဖြစ်သောက်ဖို့ ဆုံးဖြတ်လိုက်ကာ ဆေးရုံရဲ့နားနေခန်းထဲကို ဝင်ခဲ့လိုက်သည်...ပြီးနောက် ကော်ဖီဖျော်ရန် ခွက်သွားယူဖို့ ဖုန်းကို စားပွဲပေါ်မှာ တင်ထားလိုက်ကာ...

" ‌ဆရာ.... "

ကြားလိုက်ရသော အသံကြောင့် နေလင်းစစ် မျက်ခုံးတွေ တွန့်ချိုးသွားမိသည်...အဘယ်ကြောင့်ဆိုသော် ဝတ်လွှာဆိုတဲ့ အရင်ကသူ့တပည့်ဖြစ်နေ‌လို့သာ...

အခုတော့ သူမက တပည့်အဖြစ်မဟုတ်ဘဲ နာ့စ်တစ်ယောက်အနေနဲ့ တာဝန်တမ်းဆောင်နေတယ်လို့တော့ သူကြားမိပါသည်...မီးလေးရဲ့ ကိစ္စနဲ့ပတ်သက်ပြီးကတည်းက သူမကို သူထပ်မတွေ့မိတော့တာကတော့ အမှန်တရား...

အခုမှ ဘာဝဋ်ကြွေးတွေရှိလို့ ထပ်တွေ့ရတယ်မသိဘူး...သူ မသိချင်ယောင်သာဆောင်ပြီး ကော်ဖီဆက်ဖျော်နေလိုက်သည်....

" ဆရာက ဝတ်လွှာကိုတောင် အဖက်မလုပ်တော့ဘူးနော် ဟိုဟာကို ဝတ်လွှာလုပ်တယ်ဘဲထင်နေတုန်းလား ဟင်း..."

သူမကို စကားပြန်မပြောဘဲ ပလစ်နေသော ဆရာကြောင့် ဝတ်လွှာ နှာခေါင်းရှုံးလိုက်မိရင်း....

တင် *

သူမထိုင်နေတဲ့စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းက အသံမြည်လာသောကြောင့် ကြည့်မိတော့ မြင်လိုက်ရတဲ့ မီးလေးဆိုတဲ့နာမည်လေးကြောင့် သူမ စိတ်ဝင်စားသွားရသည်...

" အကို ဒီလိပ်စာကိုလာခဲ့နော် ပိုး စောင့်နေမယ် ညနေ ၆နာရီနော် "

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now