အချစ်၏ဖော်ပြခြင်းများ - အခန်း (၂၈)
နေလင်းစစ် ထိုနေ့ညက မီးလေးကို ယုတ်မာဖို့ကြိုးစားတဲ့ကောင်ကို သက်သေနဲ့တကွ ထောင်ချခဲ့ပေမဲ့...ဘယ်သူကလုပ်ခိုင်လဲမေးတော့ ထိုလူက နှုတ်ပိတ်နေလေရဲ့....
သူဆေးခတ်တဲ့လူက ဒီကိစ္စရဲ့ တရားခံဖြစ်တာကြောင့် သူရှာမှ ဖြစ်မည်ဟုတွေးကာ ပါတီကျင်းပတဲ့ဟိုတယ်ကို ရောက်လာခဲ့ရသည်....
" ညီလေး အကို ဟိုတယ်ရဲ့ မန်နေဂျာနဲ့ တွေ့ချင်တယ် "
"ဟုတ်လူကြီးမင်း ကြိုတင်ချိန်းဆိုထားတာများရှိလားခင်ဗျ"
" မရှိပေမဲ့ အရေးကြီးလွန်းတဲ့ကိစ္စမို့ပါ "
" အဲ့တာဆိုရင်တော့ မရပါဘူးဗျ ကြိုတင်ချိန်းပြီးမှ တွေ့လို့ရနိုင်ပါတယ် "
" သွားအကြောင်းကြားပေးလို့ရမလား တကယ်အရေးကြီးတဲ့ကိစ္စဖြစ်လို့ပါ "
" မရပါဘူးဗျ "
" ဘာကိစ္စမို့ မောင်ရင်က ငါ့ကိုရှာရတာလဲကွဲ့ "
" အန်ကယ်က "
" ဒီဟိုတယ်ရဲ့မန်နေဂျာ "
" ကျွန်တော် ဟိုနေ့ကကျင်းပသွားတဲ့ ပါတီမွေးနေ့ရှင်ရဲ့ တူပါ ကျွန်တော် ထိုနေ့က ကိစ္စတစ်ခုဖြစ်ပျက်သွားခဲ့လို့ cctv စစ်ဆေးချင်ပါတယ် "
" ရတယ်လေ အန်ကယ်တို့ဘက်က cctv ပြသရုံလောက်က ပြဿနာမရှိပါဘူး ဒါမဲ့ တစ်ခုခုဆို ဟိုတယ်အတွက် ဆိုးကျိုးမရှိဘူးလို့ မောင်ရင် ကတိပေးနိုင်လား "
" ပေးနိုင်ပါတယ်ဗျ "
" ကောင်းပြီလေ ကောင်လေး ဒီမောင်ရင့်ကို cctv ခန်းထဲ ခေါ်သွားပေးလိုက် မင်းကတိမင်းတည်နော် မောင်ရင် "
" ဟုတ်ကဲ့ဗျ "
နေလင်းစစ် သူ့ကိုခေါ်သွားပေးတဲ့ ကောင်လေးနောက်ကနေ လိုက်လာရင်း...သူ့ကို ဒီလောက်သတိပေးနေပုံထောက်ရင် ဒီဟိုတယ်ဟာ သေချာပေါက် လျို့ဝှက်ချက်ရှိနေပုံထောက်သည်...
ဘာပဲရှိနေပါစေ သူ့အတွက်ကတော့ မီးလေးကို ဆေးခတ်တဲ့လူကိုသိရဖို့ပဲ...
" ဝင်ပါ လူကြီးမင်း "
" ကျွန်တော် လွန်ခဲ့တဲ့သုံးရက်က မွေးနေ့ပါတီရဲ့ cctv ကိုကြည့်ချင်တယ် "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...