အချစ်၏ဖော်ပြခြင်းများ - အခန်း(၃၂)
" အန်တီရီရေ မမဝေတို့လာတယ် ဟို ယောက်ျားတစ်ယောက်ကလည်း ရှင်းပြစရာရှိလို့ပါတဲ့ "
" ဟင် သမီးလေး "
" ရီရီ "
ယောက်ျားဖြစ်သူရဲ့ အသံကြောင့် ရီရီ သွားနေတဲ့ခြေလှမ်းတွေတုန့်ဆိုင်းသွားမိသည်...
" ဒီအိမ်ကို လာစရာအကြောင်းမရှိဘူးလို့ပြောလိုက် "
" မေမေကြီးရယ် ကလေးကို အထင်လွဲနေတာနေမှာပါ "
" သွား မိပုံ့ ငါပြောနေတာမကြားဘူးလား "
" ဟုတ်ကဲ့ မေမေကြီး "
ေဒေါ်ပိုးစုရှင် ဒေါ်ရီရီကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်...မနေ့ညက သူတို့လင်မယားနှစ်ေယာက် ခရီးလွန်ေနသဖြင့် မသိခဲ့ဘူးလေ...
မနက်သတင်းတွေတွေ့တော့မှ ဒေါ်ပိုးစုရှင် တစ်ယောက်ထဲ ချက်ချင်းပြန်လာခဲ့ရသည် သမီးမွေးထားတာချင်းတူတော့ ကိုယ်ချင်းစာမိပါသည်...အကိုထူးကတော့ အရင်ကတည်းက မေမေကြီးနဲ့တူတော့ အရှက်ကွဲတယ်ထင်နေတာနေမယ်...
" မမဝေ မေမေကြီးက ဒီအိမ်ကို လာစရာအကြောင်းမရှိဘူး လို့ပြောလိုက်ပါတယ် "
" ဟင် မိပုံ့ တံခါးလှပ်ပေးပါ လုပ်ပါ မိပုံ့ရယ် "
" မရလို့ပါ မမဝေရယ် မေမေကြီးအကြောင်းလည်းသိသားနဲ့"
" တောက် "
ကိုကို့ရဲ့ တောက်ခေါက်သံကြောင့် ဝေဝေ သိမ်ငယ်မိသွားကာ မျက်ရည်တွေဝဲလာမိသည်...
" ကလေး "
မျက်ရည်လေးစမ်းတမ်းတမ်း ဖြစ်သွားတဲ့ သူမကို စိုင်းထွဋ် ရင်ခွင်ထဲထွေးကာပွေ့ဖက်လိုက်၏...
" မိပုံ့ မေမေကြီးကို ပိုးအလည်လာတယ်လို့ပြောပေးပါ ပြီးတော့ ဝေဝေတို့က ပြန်သွားပြီလို့ရော ထည့်ပြောပေးနော် "
" ဟုတ်ကဲ့ "
" မီးလေး ဘာလုပ်မလို့လဲ "
" ပိုး ဝေဝေ့ကို မကြည့်ရက်တော့ဘူး ပိုး ဝင်ပြောမှဖြစ်မယ် "
" အင်း ကိုယ်ရှိနေပေးမယ် "
ဘာပဲဖြစ်ဖြစ် သူမဘက်ကနေ ကာကွယ်ရပ်တည်ပေးဖို့ အသင့်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကြောင့် ပိုး သိမ့်သိမ့်လေး နွေးကနဲ ခံစားလိုက်ရသည်...
![](https://img.wattpad.com/cover/374530166-288-k626757.jpg)
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...