အချစ်၏ဖော်ပြခြင်းများ (၂၃)

2.3K 49 2
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၂၃)

ပိုး အကိုရေချိုးတာကိုစောင့်ရင်း ထမင်းဝိုင်းအသင့်ပြင်ဖို့ ဆုံးဖြတ်ကာ မီးဖိုခန်းထဲဝင်လာတော့...မေးလက်ထောက်ကာ ငိုက်နေတဲ့ မိလုံးကို တွေ့လိုက်သဖြင့်...

" မိလုံး မိလုံး "

" ရှင် ရှင် မမပိုး ဘာလို့လဲ "

‌ထိုင်နေရာက‌နေ ဆက်ကနဲ ထလိုက်ကာ ပြာပြာသလဲ မေးနေတဲ့ မိလုံးကိုကြည့်ပြီး ပိုး ရယ်ချင်မိသွားရင်း...

" ဘာမှမဟုတ်ပါဘူး မိလုံး သွားအိပ်ချင်အိပ်တော့လေ "

" ဟို မမပိုးတို့ ထမင်းစားဖို့ ပြင်ပြီးမှ မိလုံး အိပ်လိုက်ပါ့မယ် "

" မဟုတ်တာ ရတယ် သွားအိပ် ပိုး ပဲပြင်လိုက်မယ် "

" ရရဲ့လား မမပိုးရယ် တော်ကြာ ခိုက်မိနေပါဦးမယ် "

" ရပါတယ်ဆို သွားအိပ်တော့ "

" အဟီးး အဲ့တာဆို မိလုံးအိပ်တော့မယ်နော် "

" ဟုတ်ပါပြီ "

ဘယ်လောက်တောင်အိပ်ချင်နေလဲမသိ အိပ်ဖို့သွားတာတောင် ယိုင်နဲ့နေတဲ့ မိလုံးကိုကြည့်ပြီး အနည်းငယ်စိတ်မကောင်းဖြစ်သွားမိကာ...

" ဟင်းး နောက်ဆို ဟင်းအကုန်ချက်တတ်အောင် သင်ဦးမှပါ မိလုံးလည်း အလုပ်တစ်လုပ်သက်သာရတာပဲ "

အတွေးတွေကို ရပ်တန့်ပြီး ပြင်စရာရှိတာ ပြင်နေတုန်း ခါးမှာ လာရစ်တွယ်တဲ့ အထိတွေ့ကြောင့် ကြည့်လိုက်မိတော့ အသေချာ ပိုးရဲ့ခင်ပွန်းဖြစ်သူပါပဲ...

" အို... အကို လွှတ်ပါ သူများတွေမြင်ကုန်လိမ့်မယ် "

" ဘယ်သူမှမရှိပါဘူး မီးလေးရဲ့ မီးလေး... "

" ရှင် အကို "

" ဘာတွေလုပ်နေတာလဲဗျ "

" ပိုး ထမင်းစားဖို့ပြင်နေတာပါ အကိုထိုင်လေ ပိုး ပြင်ပေးမယ် "

" ဟင် မိလုံးကရော ဘယ်ရောက်နေတာလဲ မတော်လို့ အပူတွေဘာတွေလောင်ကုန်နေပါလိမ့်မယ် "

" မလောင်ပါဘူး အကိုရဲ့ ပိုး ဒါလောက်တော့ လုပ်နိုင်သေးပါတယ် "

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now