အချစ်၏ဖော်ပြခြင်းများ - အခန်း(၄၃)
" ဒုန်း "
ပိုး သားလေးကို အဝတ်စားလဲပေးနေတုန်း တံခါးဖွင့်သံကြောင့် အပေါက်ဝကို လှမ်းကြည့်မိတော့
" ဒေါက်တာ ဟင် "
သူမကို ပြေးလာဖက်တဲ့ ဒေါက်တာကြောင့် သူမ ကြောင်ကာရပ်နေမိသည်...
" ဟို...ဖယ် ဖယ်ပါ "
" မီးလေး ကိုယ်လွမ်းနေရတာ "
" ရှင် လူမှားနေပြီထင်တယ် "
" မမှားဘူး ကိုယ်မမှားဘူး "
တစ်ဖန် သူမကို တင်းကြပ်စွာ ဖက်လာတဲ့ ဒေါက်တာ့ကြောင့် သူမ သူ့ကိုယ်ကြီးကို တွန်းလိုက်ပြီး...
" လူမှားနေပြီလို့ပြော...အွန့် "
နေလင်းစစ် ဝေးကွာနေတာကြာနေတဲ့ နှုတ်ခမ်းလွှာလေးတွေကို စုပ်ယူနမ်းရှိုက်လိုက်သည်...သေချာတယ် ဒီချိုမြိန်လွန်းတဲ့ နှုတ်ခမ်းလေးဟာ မီးလေးဆိုတာ...
သူ ပိုး နှုတ်ခမ်းတွေကို တစ်လွှာချင်းဆီ စုပ်ယူနမ်းရှိုက်နေပေမဲ့ ပိုး ဘာကြောင့် မရုန်းဖယ်မိတာပါလဲ...အနည်းငယ်မွန်းကြပ်လာတော့ သူမ သူ့ရင်ဘတ်ကို ဖွဖွလေးတွန်းလိုက်မိကာ...
" စောတီး ကိုယ်ကြမ်းသွားတယ် "
" ဟို...လူ လူမှားနေပြီ "
" မမှားပါဘူး ကိုယ်က မင်းခင်ပွန်းပါ "
" ရှင်...."
" မမပိုး "
" မိလုံး ဒါ... "
" အင်း အကိုလေးက မမပိုး ခင်ပွန်းပါ "
" အို...ဘယ်..ဘယ်လိုဖြစ်လို့ "
" မမပိုး စိတ်ခိုင်ခိုင်ထားနော် မိလုံးပြောပြမယ် "
" အင်း ပြောပါ "
~~~~~~~~~
" ဒါဆို သူမကို မေမေကြီးတို့က လိမ်ထားခဲ့တာပဲ "
သူမ တစ်ဖက်မှာလည်း ဝမ်းနည်းသလို သားလေးအတွက် ဖခင်မရှိတာမျိုးမဟုတ်တော့ဘူးဆိုတဲ့ အသိက စိတ်အေးစေသည်....
" မီးလေး "
" ဟို..."
" အဟွန်း ကိုယ်လွမ်းနေလိုက်ရတာ "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...