အချစ်၏ဖော်ပြခြင်းများ - အခန်း (၁၁)
နေလင်းစစ် ခေါင်းငြိမ့်ပြလိုက်ပြီး ခြံထဲဆင်းလာခဲ့တော့ တွေ့ပါပြီ ပန်းတွေနားက သူမလေး သို့သော် သူထပ်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသထွက်သွားရလေသည်
ခြံထဲက အလုပ်သမားတွေက မိန်းကလေးမမြင်ဖူးဘူးလားမသိ စိုက်ကြည့်နေကြတာများ မျက်လုံးတွေကျွတ်ကြမတတ်ဘဲ
" မီးပိုးအိမ် မင်းဘာလုပ်နေတာလဲ "
" ဟင် ဟို ပိုး ပန်းေလးတွေလှလို့ ကြည့်နေတာပါ "
" သွား အထဲသွားတော့ ဝေဝေကရှာနေတယ် "
ပိုး အမိန့်ဆန်တဲ့ အကို့လေသံကြောင့် လန့်သွားမိသည်
" ဟုတ် ဟုတ် "
ဝေဝေလည်း ပိုး ခြံထဲမှာရှိမှန်းသိပါတယ် ဘာလို့ရှာနေတာပါလိမ့်
နေလင်းစစ် ထိုသူများဇနီးကိုငေးနေတဲ့အလုပ်သမားတွေနား လျှောက်သွားလိုက်သည်
" ဟေ့လူ ဖယ်ပါဗျာ ဟိုမှာ အလှလေးကိုမမြင်ရတော့ဘူးဗျ "
နေလင်းစစ် သူ့ကိုပြန်ပြောလာတဲ့လူရှေ့ ပိုတိုးပြီးရပ်ပစ်လိုက်သည်
" ဟာ ဘာတုန်းဗျာ ခင်ဗျား ကျုပ်ပြောနေတာ မကြားဘူးလား အရသာခံနေတာကိုဗျာ "
" ဘာကွ "
ခွက် ခွက်နေလင်းစစ် သူ့ခံနိုင်ရည်တွေ အရသာခံနေတာကို ဆိုတဲ့ စကားမှာပျောက်ဆုံးသွားပြီး ထိုလူကို ကော်လာကနေဆွဲပြီး နှစ်ချက်လောက်ထိုးပလိုက်သည်
" ခင်ဗျား ဘာလုပ်တာလဲ ကဲဟာ "
" ဝှီး "
နေလင်းစစ် သူ့ကို ထိုးဖို့ လှမ်းလာတဲ့လက်ကို ဖမ်းချုပ်ပြီး လိမ်ပလိုက်သည်
" အားးးးး "
" နာတယ်ဟုတ်လား မှတ်ထား မင်းကြည့်နေတာ ငါ့မိန်းမကွ " (သဝန်တွေတိုနေပါပြီ )
" ဟေ့ကောင် ငစစ် လွှတ်လိုက် လွှတ်လိုက် "
စိုင်းထွဋ် အသံတွေကြားလို့ ထွက်လာတော့ ငစစ်က ဟိုကောင်လေးရဲ့ လက်ကို လိမ်ချိုးနေလေသည် သူ့ဘဝမှာ
ငစစ်ခုလောက် ဒေါသကြီးနေတာကို ဒီလိုတခါမှ မမြင်ခဲ့ဖူးပါ
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...