အချစ်၏ဖော်ပြခြင်းများ (၃၃)

2K 49 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၃၃)

" ကိုယ်သွားတော့မယ် မီးလေး "

" ဟုတ်ကဲ့ အကို ဂရုစိုက်သွားနော် "

" ဟုတ်ပြီဗျာ "

ဆေးရုံသွားမယ့်အကို့ကို ပိုး လက်ပြနှုတ်ဆက်ရင်း...

" ပိုး ရေ "

" ဝေဝေ့အသံပဲ "

လက်ထပ်ပွဲပြီးနောက် သူမနဲ့ဝေဝေ ပထမဆုံးပြန်တွေ့ခြင်း...

" ငစစ်ရော ဆေးရုံသွားပြီလား "

" ဟုတ်တယ် အကိုသွားတာခုနလေးတင်ပဲ "

" ဟုတ်လား သူနဲ့ပြောစရာရှိလို့ စောလာတာတောင် မမှီလိုက်ဘူးကွာ "

" ကိုကို ဆေးရုံလိုက်သွားလိုက်လေ "

" ဒါဆို ကလေးက ဘယ်လိုလုပ်မှာလဲ ကိုကိုနဲ့အတူလိုက်ခဲ့မလား "

" အာ လိုက်ချင်ပါဘူး ဝေဝေ ပိုးနဲ့တူ နေခဲ့မယ် ပြန်လာမှ ဝင်ခေါ်လေ "

" အိုကေဗျာ ဒါဆို ကိုယ်သွားပြီနော် "

" ဟီး လာလာ ‌ပိုးကို ဟန်းနီးမွန်းတုန်းက အကြောင်းတွေပြောပြမယ် "

ကိုစိုင်းထွဋ် ထွက်သွားတာနဲ့ ပိုး ကိုဆွဲပြီး စကားတွေတန်းစီနေအောင် ပြောတော့မယ့် ဝေဝေ့အကြောင်းသိပါသည်....

" မမဝေ‌ မုန့်စားဦး "

" ကျေးဇူး မိလုံး "

" ပြောပါဦး ဝေဝေရဲ့ ဟန်းနီးမွန်းပျော်ခဲ့လား "

" ပျော်တာပေါ့ တကယ်ဆို ဝေဝေက ပိုး တို့ကိုပါ ခေါ်ချင်တာ ပိုးကနေမကောင်းဘူးဆိုလို့သာ "

" ပိုး အခုတလော နေလို့မကောင်းလို့ပါ နောက်တခါကျမှ အတူတူသွားကြမယ်လေနော် "

‌ပိုး အခုတလော တကယ်ကို နေလို့ထိုင်လို့မကောင်းဘူးဖြစ်နေသည်...အကို့ကိုလည်း အလုပ်ရှုပ်မည်စိုးသောကြောင့် ကိုယ့်ဘာသာ ကြိတ်မှိတ်ဆေးသောက်နေသည်လေ..

" ပိုး စားလေ ရော့ "

ငေးနေတဲ့ သူမကို ကမ်းပေးလာတဲ့ မုန့်ပန်းကန်ကို ပိုး စားဖို့ ယူမယ်အလုပ် နှာခေါင်းထဲ ဝင်လာတဲ့ မုန့်အနံ့ကြောင့်...

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now