အချစ်၏ဖော်ပြခြင်းများ - အခန်း (၄၂)
" ဒါနဲ့ ဟိုတစ်နေ့က ရုပ်ရှင်ရုံကသားအမိကို မှတ်မိလား "
" အင်း မှတ်မိတယ်လေ မင်းကိုယ်တိုင်ဆေးရုံလိုက်ပို့ခဲ့တာမလား "
" အေး သူတို့သားအမိနှစ်ယောက်ဆီမှာ မိလုံးက အလုပ်လုပ်နေတယ် "
" ဟင် မိလုံး "
" ဟုတ်တယ် ဒါမဲ့ မိလုံးက မီးလေးတို့ဆီကနေ ထွက်လာခဲ့ပြီး ဒီသားအမိဆီမှာ လုပ်နေတာလို့ပြောတယ် "
" ဒါဆို ဘယ်လိုလုပ်ပါ့မလဲ "
" အရင်ဆုံး ရှာကြည့်ရမှာပေါ့ "
" အင်း အဲ့လိုပဲ လုပ်ကြတာပေါ့ "
~~~~~~~~~
ပိုး သားလေးကို ပွေ့ထားပြီး နဖူးလေးကို အသာလေးနမ်းလိုက်သည်...
" မားမား သားလေး မားမားအချစ်ဆုံးလေးရေ အလင်းလေးရေ "
သူမ သားလေးကို မြူနေရင်း...ပြုံးနေမိသည်..ထိုမြင်ကွင်းကို မြင်သွားသူကတော့ နေလင်းစစ်...
" အဟွန်း "
သူမအပြုံးတွေက ဘာလို့ အဲ့လောက်လှရတာလဲ...မိခင်မေတ္တာကြောင့်ပဲလား...ကလေးကို မြူနေပြီး ကလေးကလည်း သူ့မိခင်ကို ပြန်ပြုံးပြနေလေသည်...
" ဒေါက်ဒေါက် "
" အော် ဒေါက်တာ "
" ဘယ်လိုနေသေးလဲ ကလေးက "
" အခြေနေတော့ကောင်းလာပါပြီ ရွှင်ရွှင်ပျပျလေးဖြစ်လာပြီလေ "
" ဒါဆို မစိုးရိမ်ရတော့ပါဘူး ကျွန်တော်ချီလို့ရလား "
" ရပါ့မလားမသိဘူး အလင်းလေးက ကျွန်မလက်ပေါ်ကလွဲရင် မနေဘူး ငိုတယ် "
" အလင်းအိမ် လာ ဦးဆီ လိုက်မလား "
လက်ခုပ်လေးတီးပြီး ကလေးကို သူ မြူတော့ ကလေးက သူ့ဆီကိုလိုက်ချင်သည့်နှယ် လက်လေးတွေ လှမ်းနေလေသည်...
" ဟင် "
" ဟော သားသားက ဦးဆီ လိုက်ချင်တယ်ပေါ့ လာဗျာ "
သားလေးက ပိုးလက်ပေါ်ကနေ ဒေါက်တာ့လက်ပေါ်ရောက်သွားလေသည်...ထူးဆန်းလိုက်တာ သားလေးက မိလုံးတို့ မေမေတို့ချီရင်တောင် ငိုပါသည်...အခုတော့ သူစိမ်းတစ်ယောက်ပေါ်မှာ ရယ်သံလေးတွေထွက်ကာ ပြုံးနေလေသည်...
![](https://img.wattpad.com/cover/374530166-288-k626757.jpg)
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...