အချစ်၏ဖော်ပြခြင်းများ (၁၄)

2.5K 50 1
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၁၄)

" အဲ့တာဆို ကိုယ်နေရာတစ်နေရာရှာထားလိုက်မယ် ခြေထောက်အတွက်က ကိုယ်ရှိတော့ ဆေးရုံမဟုတ်လည်း အဆင်ပြေပါတယ် ဟိုတယ်က‌ျတော့လည်း အခန်းထဲချည်းပဲဆို အဆင်‌မပြေပြန်ဘူး ဆိုတော့ ... "

" ဟုတ် ပိုး ကျေးဇူးတင်ပါတယ် "

" မလိုပါဘူးဗျာ မီးလေး ဖြစ်ချင်တာ ကိုယ် အကုန်ဖြစ်အောင်လုပ်ပေးမယ် "

"...."

" ဟုတ်ပြီလားဗျ "

" ဟုတ် "

အကိုက ပိုး ပါးလေးကို ကိုင်ပြီး ပြောလာတော့ ပိုး နှစ်ခြိုက်စွာ ပြုံးပြလိုက်မိသည် အကိုက သိပ်ကိုကောင်းတဲ့အမျိုးသားဖြစ်ပြီး အကို့ကိုပိုဆိုင်ရတဲ့ ပိုး ဟာလည်း သိပ်ကို ကံကောင်းတဲ့အမျိုးသမီးပဲ ဖြစ်လောက်မယ်...

" လာ ဆန်ပြုတ်သောက်ရအောင် ကိုယ်ယူပေးမယ် "

" ဟုတ် "

"...."

" ဟို ပိုးဘာသာ သောက်နိုင်ပါပြီ "

ပထမတစ်ကြိမ်လို ခွံ့ကျွေးဖို့သာ ဟန်ပြင်နေတဲ့ အကို ကြောင့် ပိုး နေရခက်မှာစိုး၍ ပြောလိုက်တဲ့အခါ....

" ဟုတ်ပါပြီဗျာ အပူလောင်မယ်နော် သတိထား "

သူမ ပုံစံက နေရခက်နေတဲ့ ပုံစံဖြစ်နေတာမို့ သူလက်လျှော့လိုက်၏

" ‌ပိုးရေ ပိုး "

အသံနဲ့အတူ တံခါးဖွင့်ဝင်လာသူကတော့ ဝေဝေ....နောက်ကနေ ဆက်ဝင်လာသူက စိုင်းထွဋ်

" ဝေဝေ..."

" ဒီမှာ ပိုး ကြိုက်တဲ့ ထမင်း ဟင်း အစုံဝယ်လာတယ် "

" ဟင် ဟုတ်လား "

" ပြန်ယူသွား စားလို့မရဘူး "

မာကျောပြီး အမိန့်ဆန်တဲ့ အသံနဲ့ တားလိုက်တဲ့သူကတော့ နေလင်းစစ်ဆိုသူ

" ဟာ ဘာလို့လဲ ကိုနေလင်းစစ်ရဲ့ ပိုး ကခြေထောက်မကောင်းတာလေ ဆိုင်မှမဆိုင်တာ "

" ကျစ်! "

သူစိတ်ပျက်စွာနဲ့ မျက်မှောင်ကျုံ့ရင်း ကျစ် ဆိုတဲ့ အသံတစ်ချက် ထွက်သွားမိရင်း...

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now