အချစ်၏ဖော်ပြခြင်းများ - အခန်း(၉)
နေလင်းစစ် ဆေးရုံမှာသာ အလုပ်ကိုသာစိတ်နှစ်နေခဲ့တာ ညတောင်ရောက်သွားပြီပဲ
အချိန်လင့်နေပြီဖြစ်သောကြောင့်သူအိမ်ကိုပြန်လာခဲ့လိုက်သည်
" အကိုလေးပြန်လာပြီလား "
" အင်း မီးပိုးအိမ်ရော "
" မမပိုးက အပေါ်မှာ အကိုလေး "
" အော် အင်း "
နေလင်းစစ် သူမဘယ်လိုနေသေးလဲသိချင်လို့ အပေါ်တက်လာခဲ့လိုက်သည်
" ဒေါက် ဒေါက် မီးပိုးအိမ် အထဲမှာလား "
အထဲကနေ ပြန်ဖြေသံမကြားတော့ နေလင်းစစ် တံခါးဖွင့်ဝင်လာခဲ့လိုက်သည်
အခန်းထဲမှာ ဘယ်သူမှရှိမနေတော့
" ဘယ်များရောက်နေသလဲ "
လှေကားကနေဆင်းဖို့လုပ်လိုက်ချိန် မျက်လုံးကနေလူရိပ်တွေ့လိုက်လေသည်
ဝရံတာမှာ လေညင်းခံနေတဲ့ သူမ ဆံနွယ်ရှည်တွေ ဖြန့်ချထားပြီး လေတချက်ဝေ့လိုက်တိုင်း လွင့်နေတဲ့ဆံနွယ်နဲ့ လိုက်ဖက်နေတဲ့ သူမမျက်နှာကိုကြည့်ပြီး နေလင်းစစ် တဒင်္ဂ ရပ်တန့်သွားမိပြန်သည်
ပိုး ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ အကိုက ပိုးကိုစိုက်ကြည့်နေလေသည်
" ဟို အကို ပိုး ကိုပြောစရာရှိလို့လား "
" အဟမ်း ဟုတ်တယ် ဒါနဲ့ လည်ချောင်းကဘယ်လိုနေသေးလဲ သက်သာလား "
" ဟုတ် သက်သာပါတယ် "
" ဟုတ်ပြီ ကိုယ်ရေချိူးလိုက်ဦးမယ် "
ပိုး ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အကိုက အခန်းထဲဝင်သွားသည် သို့သော် ရုတ်တရက်ကြီး ချက်ချင်းပြန်ထွက်လာလေသည်
" လေစိမ်းတွေအကြာရီးမခံနဲ့ဦး ဖျားလိမ့်မယ် "
" ရှင် ဟုတ် "
အကိုက ပြောပြီး အခန်းထဲပြန်ဝင်သွားသည် ဝရံတာမှာခနနေပြီးနောက် ပိုးလည်း ဝတ္ထုစာအုပ်ယူပြီးအောက်ထပ်ပြန်ဆင်းလာခဲ့သည်
" မမပိုး ထမင်းစားတော့မလား "
" အွန်း အကိုရော "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...