အချစ်၏ဖော်ပြခြင်းများ - အခန်း(၂၂)
" အန်တီ ၁၃၀၀၀ တော့ထားလိုက်ပါ "
" မရလို့ပါ ကလေးရယ် ကုန်ဈေးနှုန်းကြီးနေတာ အန်တီမှာလည်း အမြတ်သိပ်မကျန်ဘူးလေကွယ် "
ပုစွန်ဝယ်တာ ၁၇၀၀၀ဆိုလို့ ဈေးဆစ်နေတဲ့မိလုံးကြောင့် ဈေးသည်အန်တီကို ပိုး အားနာမိကာ...
" မိလုံးရယ် စစ်မနေပါနဲ့တော့ သူတို့တွက်လည်း မလွယ်ကူဘူးလေ "
" အာ မမပိုးကလည်း မိလုံးကဒါမျိုး အထာနပ်နေပြီ "
သူမ ဘယ်လောက်ပင်ပြောပြော မိလုံးကတော့ ရန်ထသတ်တော့မလို ဈေးစစ်နေတာလား ရန်လာဖြစ်တာလားတောင် ပိုး မသဲကွဲတော့ဘူး...
" နောက်ဆုံးပြောမယ် ၁၆၀၀၀ပဲယူသွား အဲ့ထက်မလျှော့နိုင်ဘူး မလိုချင် တခြားသွား "
" ယူလိုက်တော့ မိလုံး နော် "
" ဟာ မမပိုးကလည်း "
" လုပ်ပါ မိလုံးရယ် ပိုး အပြင်မှာ အကြာကြီးနေရင် ပင်ပန်းလာတတ်တာ သိတယ်မလား အခုတောင်..."
ပိုး ပိုပိုသာသာ လက်ဖနောင့်လေးနဲ့ ခေါင်းလေးကို ဖိပြီး ရှုံ့တွပြတော့ မိလုံးက အတည်ထင်သွားတာ
" ဟင် မမပိုး နေမကောင်းလို့လား ရော့ရော့ အန်တီ ၁၆၀၀၀ ပေးပုစွန် "
" ရော့အင့် "
" ဟွန့် လာမမပိုး သွားမယ် "
" မိလုံးရယ် ဈေးကို အဲ့လောက်ကြီးမစစ်ပါနဲ့ မိလုံးစစ်တာ ၄၀၀၀နီးပါးရီးတောင်လေ သူတို့ဘယ်လိုလုပ်လောက်မလဲ "
" အော် မမပိုးက မိလုံးကို ညာတာပေါ့လေ "
ဆိုင်ကနေလည်း ထွက်လာရော ပုံမှန်ပြန်ဖြစ်သွားကာ ဆူနေတဲ့ မမပိုးကြောင့် မိလုံး ထောင်ချောက်မိမှန်းသိသွားကာ ပြောလိုက်သည်...
" ဟီး... ပိုးက အကြာကြီးမနေချင်လို့ပါ လာပါ ပြန်မယ် မေလင်းစောင့်နေတော့မယ် "
" ဟုတ်ပါပြီရှင့် "
" မေလင်း "
ပိုး တို့အိမ်ပြန်ရောက်တော့ မေလင်းက ပိုးတို့ခြံထဲရောက်နေလေပြီ...
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...