အချစ်၏ဖော်ပြခြင်းများ - အခန်း (၄၅)
" သမီးပိုး ပြီးပြီလား "
" ဟုတ် ပြီးပြီ မေလင်း "
" ဟယ် ငါ့မြေးက အချောပဲ ဖအေတူသား သားငယ်ငယ်တုန်းကနဲ့တစ်ပုံစံထဲ "
" အဟင်း "
" လာသွားစို့လေ "
ပိုး တို့ ရှော့ပင်းမောကိုထွက်လာကြသည်...ကားထဲရောက်တော့ မေလင်းက ရှေ့မှာထိုင်ပြီး ပိုးတို့သုံးယောက်က နောက်ခန်းမှာ ထိုင်သည်...
မေလင်းကိုကြည့်ရင်း ပိုး မျက်လုံးထဲဝင်လာတဲ့ ပုံရိပ်တွေကြောင့် မူးသွားကာ ခေါင်းကို လက်နဲ့ဖိထားမိသည်...
" မမပိုး ဘာဖြစ်တာလဲ "
" ဟင့်အင်း ရတယ် ဘာမှမဖြစ်ဘူး "
" မေလင်း ပုံရိပ်တွေ အတိတ်တုန်းကလည်း မေလင်းနဲ့ ရှော့ပင်ထွက်ခဲ့ဖူးတာများလား "
" ရောက်ပြီ မမပိုး မမပိုး "
" ဟင် မိလုံး "
" ရောက်ပြီလို့ "
" အော် အင်း "
သူမ ကားပေါ်ကာနေ သားလေးကိုပွေ့ထားလျက်တိုင်း ဆင်းလိုက်သည်....
" မြေးလေးအတွက် အင်္ကျီလေးတွေ ဝယ်ပေးရမယ် "
" ဟုတ် မေလင်း "
ပိုး သားအတွက် အင်္ကျီဝယ်ပေးဖို့ လိုက်ကြည့်နေမိသည်...တခါထဲ မိလုံးနဲ့လှသူကိုလည်း...လိုချင်တာရှိ ဝယ်ပေးဖို့ကို သတိရကာ...
" မိလုံးနဲ့လှသူ တစ်ခုခုလိုချင်ရင် ပိုးကိုပြောနော် ပိုးဝယ်ပေးမယ် "
" တကယ်လား ဒါဆို လှသူဝယ်မယ်နော် "
" ဝယ်ပါရှင် ဝယ်ပါ ရော့ ပိုက်ဆံ ဝယ်ခဲ့ကြ "
" ဟဲ့ မိလုံး လာရွေးကြစို့ "
" လာပြီ လာပြီ ဟီးဟီး "
" ဟယ် ကြည့်ပါဦး သမီး ဒါလေးလှလိုက်တာ မြေးလေးအတွက်ဆိုဘယ်လိုလဲ "
ပိုး မေလင်းကိုင်ထားတဲ့ အလင်းအတွက် အင်္ကျီဆိုတာကြည့်လိုက်တော့...
" ဟင် မေလင်း အဲ့တာ မိန်းကလေးဝတ် "
" ဟမ် ဟုတ်လား အော် ဒုက္ခပါပဲ ငါ့မြေးတော့ ငါလုပ်တာနဲ့ ခြောက်သွားတော့မှာပဲ "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...