အချစ်၏ဖော်ပြခြင်းများ (၂)

3.6K 63 0
                                    

နေလင်းစစ်တစ်ယောက် နေ့လယ်ထမင်းထွက်စားရင်း အက်ဆီးဒင့်မှာကူညီပြီးဆေးရုံရောက်တော့ အလုပ်များတာနဲ့ညအိပ်လိုက်တာ မနက် ၄နာရီထိုးဖုန်းဆက်လာတဲ့အမေဖြစ်သူထံမှ ခုချက်ချင်းအိမ်ပြန်လာခဲ့ပါဆိုသော အမှာစကားကြောင့် မာတာမိခင်ရှိရာသို့ ပြေးလာခဲ့ရလေသည်

နေလင်းစစ် မိခင်ကိုချစ်ပါသည် ဖခင်ဆုံးပြီးကတည်းက အမေဟာ သူ့ကို ဒုက္ခတွေကြားက ကျွေးမွေးလာခဲ့တာ သူဒီအရွယ်ရောက်သည်အထိပါပဲ ဦးလေးဖြစ်သူရဲ့ ဆေးရုံမှာအလုပ်ဝင်လုပ်ရင်း မိခင်ကို အသိုင်းဝိုင်းဆန့်နေနိုင်အောင်ထားနိုင်နေလေပြီဖြစ်သည် ဝင်ငွေကလည်း မနည်းတော့ သားအမိ နှစ်ယောက် နေပျော်ပါတယ်

အိမ်သို့ပြန်ရောက်တော့ မာတာမိခင်က မေတ္တာပွားပါလေရော

" သား မနက် ၈နာရီကျ သတို့သမီး အိမ်ကိုသွားရမှာပါလို့ အမေမှာထားရက်နဲ့ အိမ်ကိုပြန်မလာဘူး ငါ့မှာ မနက် ၃နာရီ တရေးနိုးတုန်း ပေါ်တီအောက် ကားရပ်ထားတာမမြင်မှ ပြန်မလာသေးမှန်းသိတယ် "

အမေပြောမှ နေလင်းစစ် ထိုအကြောင်းရာကို သတိရတော့လေသည် လွန်ခဲ့တဲ့ တစ်ပတ်က အမေ‌ ပြော‌ထားတာပဲ မနေ့မနက်ကတောင် ထပ်မှာလိုက်သေးတာ သူဆိုသည်မှာ အလုပ်ကလွဲ စိတ်ထဲမထားတတ်တဲ့သူမျိုး

"ဟူးးး"

နေလင်းစစ် သက်ပြင်းချမိလေသည် မိခင်စိတ်ချမ်းသာဖို့ ဒီလက်ထပ်ပွဲကိုသူလက်ခံခဲ့တာ သူ့စိတ်တိုင်းသာဆို တစ်သက်လုံးလူပျိုကြီးလုပ်ပြီး အလုပ်နဲ့ပဲကုန်ဆုံးချင်တာ ရည်းစားလည်းတခါမှ ထားဖူးတာမဟုတ် တဖက်မိန်းကလေးလည်းမမြင်ဖူး အသက်ကလည်းသူ့ထက် ၁၀နှစ်ကျော်ငယ်ပြန်သည်တဲ့ နောက်ပြီး အရမ်းကြောက်တတ်တယ်လို့လည်းကြားထားသေးသည် အပြင်ဆို မသွားရဲမလာရဲဘူးဆိုတဲ့ မိန်းကလေးမျိုးက သူ့မိန်းမဖြစ်လာမည်ဆိုတော့ နေလင်းစစ် စိတ်ပူပန်ရပြန်သည်

" ဟုတ်ပါပြီ အမေရယ် ကျွန်တော်အလုပ်တွေများပြီး မေ့သွားလို့ပါ မှန်းစမ်း"

နေလင်းစစ် လက်မှာပတ်ထားတဲ့နာရီတချက်ကြည့်လိုက်လေသည်

" ခုမှ  4နာရီခွဲပဲရှိပါသေးတယ် အမေရယ် အမေထပ်အိပ်လိုက်ပါဦး "

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now