အချစ်၏ဖော်ပြခြင်းများ (၃၉)

756 21 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း(၃၉)

နေလင်းစစ် ဆေးရုံက ပြန်လာပေမဲ့ ခါတိုင်းလို သူ့ကိုထွက်ကြိုတဲ့ ဇနီးဖြစ်သူကို မတွေ့သဖြင့် စိတ်ပူသွားကာ လိုက်ရှာတော့...

" ဟင် "

သူမြင်လိုက်ရတာကြောင့် မျက်ခုံးတွေ တွန့်ချိုးသွားမိသည်...ဆိုဖာပေါ်ထိုင်ကာ တီဗွီကြည့်နေတဲ့ မိန်းကလေး ဘေးမှာလည်း မုန့်အခွံတွေနဲ့ရှုပ်ပွညစ်ပေနေလေ၏..အရင်က ဝတ္ထုတွေကြိုက်ပြီး သရေစာသိပ်မစားတတ်တဲ့ မိန်းကလေးက ဒီလိုအချိန်အတွင်း ပြောင်းလဲသွားနိုင်တာလား...

" မီးလေး "

" အကို ပြန်လာပြီလား ထမင်းစားကြရအောင်လေ ပိုး ဗိုက်ဆာပြီ "

" ကိုယ်ရေချိုးလိုက်ဦးမယ်လေ "

" ဟာကွာ အကိုကလည်း ‌ပြီးမှချိူးပါ ပိုးဗိုက်ဆာနေပြီဆို "

သူ့လက်ကို ဆွဲရမ်းကာ ချွဲနေတဲ့ပုံက ချစ်စရာကောင်းပေမဲ့ သူ့အတွက် ဘာလို့ စိတ်ပျက်စရာလို့မြင်နေရတယ်မသိပါ..ထို့ပြင် သူရေချိုးပြီးမှ ထမင်းစားတတ်တာကိုလည်း သူမ မေ့သွားလို့များလား...

" ဟုတ်ပါပြီ ဒါဆို ထမင်းအရင်စားကြမယ်လေ "

" လှသူ ထမင်းပြင်လိုက်စမ်း "

" ဟုတ် ဟုတ်ကဲ့ သခင်မလေး "

အမိန့်ပေးတဲ့အသံနဲ့ ပြောနေတဲ့ မီးလေးပုံစံဟာ သူတစ်ခါမှ မမြင်ဖူးတဲ့ ပုံစံမျိုးပါပဲ...နောက်ပြီး လှသူ မီးလေးကို ဘာလို့ သခင်မလေးလို့ပြောင်းခေါ်နေရတာလဲ....

သူ သူမကို သံသယမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာကို မြင်တော့ ဝတ်လွှာ လိပ်ပြာမလုံစွာ မျက်လုံးလွှဲလိုက်မိသည်...

" ဘာဖြစ်လို့ပါလိမ့် ငါမီးပိုးအိမ်နဲ့ ဘာမတူတာများလုပ်မိပါလိမ့် "

ထို့နောက် ဝတ်လွှာ ရှုပ်ပွနေတဲ့ အမှိုက်တွေကိုမြင်သွားမိပြီး...

" အော် ခုနလေ လှသူနဲ့ တီဗွီကြည့်နေတာ သူ့ကို ခင်လို့ မုန့်ကျွေးတော့ သူစားထားတာလေ "

" ရှင်...ဟို... "

" လှသူ နောက်ပြီး ကိုယ်စားတာကိုယ့်ဟာကိုယ်ရှင်းရမယ်နော် "

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now