အချစ်၏ဖော်ပြခြင်းများ (၃၇)

1.9K 42 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၃၇)

" ပိုးလေး မြေး "

" ရှင် မေမေကြီး "

ပြတင်းပေါက်ကို ငေး‌ေနတုန်း မေမေကြီးဝင်လာ၍ ကပြာကယာ မျက်ရည်တွေကို သုတ်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်....

" မနက်ဖြန် မနက် အင်္ဂလန်ကို ပြောင်းရမယ် "

" ရှင်...ဘာလို့ ဘာလို့လဲ "

" အဲ့ယောက်ျားအတွက် ငိုမနေစမ်းနဲ့ မြေး ဘဝသစ်မှာ နေဖို့ မေမေကြီးတို့ အားလုံး အင်္ဂလန်မှာ သွားနေကြမယ် အဲ့မှာ မြေးလေးအရာအားလုံးကို အသစ်ကပြန်စရမယ် "

" မသွား မသွားလို့မရဘူးလား မေမေကြီး "

" မေမေကြီးက မြေးမလေးအတွက် စီစဉ်ပေးထားတာပါ ပြီးတော့  မြေးနဲ့တူ မေမေကြီးတို့လည်း ပါမှာပဲမလား အဲ့တာ မေမေကြီးလာပြောတာ "

မေမေကြီးထွက်သွားပြီးနောက် ရပ်နေတဲ့ ခြေထောက်တွေဟာ အားမရှိတော့သည့်နှယ် ကြမ်းပြင်ပေါ်သို့ ထိုင်လျက်သားလေး ပုံကျသွားလေပြီး သူမငိုနေမိ၏....

" ပိုး ဘယ်လိုလုပ်ရပါ့မလဲ အကိုနဲ့ ဝေးပြီးရင်းပိုဝေးလာတယ်...မခွဲနိုင်ဘူး ပိုး အကို့ကို မခွဲနိုင်ဘူး...အဟင့်  "

~~~~~~~~~

ည၈နာရီချိန် လူမသိသူမသိခြေသံဖွဖွနင်းကာ လှေကားကနေ ဆင်းလာတဲ့ မီးပိုးအိမ်တစ်ယောက် အကို့ဆီ သွားဖို့ သူမ ဆုံးဖြတ်ချက်ချခဲ့လေသည်...တကယ်ဆို အကိုနေ့တိုင်း ခြံရှေ့လာဒူးထောက်နေကတည်းက သူမ အကို့အပေါ်ယုံချင်လာမိသည်....အခွင့်ရေးပေးချင်မိသည်

ခြံတံခါးနားရောက်...

" ပိုး မြေး "

" ဟင်...မေမေကြီး "

" ဘာလုပ်မလို့လဲ "

" ဟို...ပိုး လမ်းထွက်လျှောက်တာပါ "

သူမ လူမိသွား‌ေတာ့ပါးစပ်ထဲတွေ့ရာသာ ပြောပစ်လိုက်သည်...

" ညကြီးကိုကွယ် လာစမ်း မိလုံး ညည်း မမလေးကို အပေါ်ပြန်ခေါ်သွား "

" ဟုတ် လာပါပြီ မမပိုး သွားရအောင်နော် "

" အင်း "

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now