အချစ်၏ဖော်ပြခြင်းများ (၂၄)

2.2K 58 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၂၄)

" ဆရာ "

" အင်း "

လူနာတွေကြည့်ပြီး နားနေခန်းထဲ ကော်ဖီဖျော်နေစဉ် ဘေးနားမှာရောက်လာပြီး ခေါ်လိုက်တဲ့ ဝတ်လွှာကြောင့် နေလင်းစစ် ဝတ္တရားအရ ထူးလိုက်သည်...

" မနက်ဖြန် ဆေးရုံအုပ်ကြီးရဲ့ မွေးနေ့ပါတီရှိတယ်တဲ့ "

" အေး သိတယ် "

" အော် အင်း ဟုတ်သား ဆရာက အုပ်ကြီး တူအရင်းပဲဟာ ဝတ်လွှာမေ့သွားတယ် "

" .... "

" ဆရာ သွားမှာမလား "

" သွားရမှာပေါ့ "

" ဒါဆို ဝတ်လွှာ ဆရာနဲ့တူတူသွားလို့ရမလားဟင် "

" မရဘူး ငါအိမ်ကမိသားစုနဲ့အတူသွားမှာ "

" မရဘူးလားဆရာရယ် ဝတ်လွှာ နေရာတွေမသိလို့ပါ ဆေးရုံကလူတွေကိုလည်း မေးကြည့်ပြီးပြီ ဘယ်သူမှ ဝတ်လွှာ နဲ့မသွားချင်ကြဘူးလေ အဟင့် "

သနားစရာကောင်းအောင် မျက်ရည်လာချူပြနေတာသိပေမဲ့ ခုက ဘေးနားမှာ တခြား nurse တွေလည်းရှိနေတော့ သူအနေနဲ့ ဆက်ငြင်းရင်လည်း သေချာပေါက် ဆေးရုံမှာ နာမည်ပျက်ဦးမယ်...

" ကောင်းပြီလေ လာခေါ်လှည့်မယ် မနက်ဖြန် ညနေကျ "

" ဟီး ဟုတ်ကဲ့ ဆရာ ဒါဆို ဝတ်လွှာစောင့်နေမယ်နော် "

ဝတ်လွှာရဲ့ အထာတွေထဲ ဆရာလွှတ်အောင်ပြေးစမ်းပါ ဆရာတနေ့ကျ ဝတ်လွှာဆီရောက်ကိုလာရလိမ့်မယ် အဟင်းး...

ခုနတုန်းက မိုးပြိုတော့မလိုမျက်နှာကနေ ချက်ချင်း နေသာသွားတဲ့ မူရာများလွန်းတဲ့ သူ့တပည့်ဖြစ်သူကြောင့် နေလင်းစစ် စိတ်အတော်ရှုပ်သွားရ၏...ဒီလောက်ရှောင်နေရင်းကနေ
ဖြစ်ချင်တာသာဖြစ်တော့ နောက်မှ ကြည့်ကြပ်ရှင်းတော့မယ်

....................

ပိုး ညနေစောင်းကာ အကိုပြန်လာတော့မှာမို့ မေလင်းတို့ခြံကနေ ပြန်လာခဲ့လိုက်လေသည်...

ခြံထဲရောက်ရောက်ချင်း ပေါ်တီအောက်မှာ ရပ်ထားတဲ့ အကို့ကားကိုမြင်လိုက်တာကြောင့် ပြုံးလိုက်မိကာ အပြေး အိမ်ထဲကိုဝင်လာလိုက်၏

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now