အချစ်၏ဖော်ပြချက်များ - အခန်း (၄၀)
" အင်း ဒါနဲ့ ကျွန်တော်တစ်ခုလောက်တောင်းဆိုလို့ရမလား "
" ဟုတ် ဘာများလဲ ဝေဝေကူညီနိုင်ရင် ကူညီပေးပါ့မယ် "
" ဝေဝေ မီးလေး မေမေဆီဖုန်းဆက်ကြည့်ပေးလို့ရမလား "
" အင်း ရပါတယ် ဘာလို့လဲ "
" မီးလေး အကြောင်းနည်းနည်းပါးပါးမေးပေးပါ့လား "
သူမ ကိုနေလင်းစစ်ဆိုလိုတာကို နားမလည်သောကြောင့် ကိုကို့ကိုကြည့်တော့လည်း ခေါင်းညိမ့်ပြလေသည်...ထို့ကြောင့် သူမလည်း
" ဟုတ် ဝေဝေမေးကြည့်ပေးပါ့မယ် "
~~~~~~~~
နေလင်းစစ် ဝေဝေ့ဆီက သတင်းကြားပြီးနောက် သူ့ဘေးနာကလူဟာ မီးလေးပါလို့ ပိုပြီးတောင် သေချာသွားစေသေးတယ်...သူ ဝေဝေနဲ့ပြောတုန်းက အရာကို ပြန်စဉ်းစားရင်း...
" ကိုနေလင်းစစ် ဝေဝေ အန်တီစုကို ဖုန်းဆက်ကြည့်ပြီးပြီ "
" အဲ့တော့ ဘာတဲ့လေ မီးလေးကရော "
" ပိုးက မြန်မာပြည်ပြန်သွားတယ်တဲ့ "
" ဟင် ဒါဆို သူမက မီးလေး သေချာလို့လား ဝေဝေ "
" ဟုတ်ပါတယ် ဝေဝေကိုယ်တိုင် မေးကြည့်လာတာ ပိုးက မြန်မာပြည်ပြန်သွားပြီး ဘယ်မှာ နေလဲဆိုတာတော့ မသိဘူးတဲ့ "
"...."
" အဲ့တာ ခု ဝေဝေတို့မြင်နေရတာ ပိုး ပဲလို့ပြောလိုက်တာမဟုတ်ဘူးလား "
" အင်း ဟုတ်မှာပါ "
" ငါပြောသားပဲ ငစစ်ရာ မင်းကကြံဖန်ပူနေတာပါဆို "
" အေးပါ "
ကလင် ကလင် *
ဝင်လာသောဖုန်းကြောင့် မီးလေးဖြစ်တာကြောင့် သူကိုင်လိုက်ကာ....
" အကို....ပြန်မလာသေးဘူးလား "
" ပြန်လာတော့မှာ ဘာလို့လဲ မီးလေး "
" အော် ဒီနေ့ ရုပ်ရှင်ရုံမှာ အသစ်တင်တဲ့ကားကြည့်ချင်လို့ အဲ့တာ အကိုနဲ့အတူ သွားချင်လို့ "
" အော် အင်း ကိုယ်ခုပြန်လာခဲ့လိုက်မယ် "
" ဟုတ်ပြီ အကို ချစ်တယ်နော် အာဘွား "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...