အချစ်၏ဖော်ပြခြင်းများ (၂၅)

2.2K 46 1
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၂၅)

မနက်စာစားပြီးနောက် ည ပါတီအတွက် အကိုက စီစဉ်ဖို့ ဦးလေးဖြစ်သူထဲမှ ဖုန်းလာသောကြောင့် ထွက်သွားလေသည်... အကိုက မသွားခင်က မှာသွားသေးသည်...

" မီးလေး ညနေလောက်ကျ ကိုယ်ပြန်မလာခင် မီးလေးကို ပြင်ဆင်ပေးမယ့် ကောင်မလေးတွေရောက်လာလိမ့်မယ် "

"ဟင် မလိုပါဘူး အကိုရဲ့ ပိုး ကိုယ့်ဘာကိုယ်ပြင်လိုက်ပါ့မယ်"

"  ကိုယ်နဲ့မင်းနဲ့ လူတွေကြား အတူထွက်ပြမှာ မင်္ဂလာဆောင်ပြီးမှ ပထမဆုံးလေ ပြီးတော့ ကိုယ် မီးလေးအတွက် ကိုယ်တိုင်ရွေးချယ်ထားတဲ့ ဝတ်စုံလေးကို ဝတ်စေချင်လို့ "

" ဟင် အကို ပြင်ထားတာလား "

" ဟုတ်ပါ့ဗျာ ကိုယ်သွားတော့မယ် တစ်ခုခုဆို ကိုယ့်ကို ဖုန်းဆက်လိုက်နော် "

" ဟုတ် "

ခုနကဖြစ်ပျက်သွားတဲ့ အကြောင်းရာတွေကို ပြန်တွေးနေတုန်း....

" မမပိုးရေ မမပိုး "

" ဟင် မိလုံး ဘာဖြစ်လို့လဲ "

အိမ်ထဲကို ပြေးဝင်လာတဲ့ မိလုံးကြောင့် လူကလန့်သွားရ၏

" ဟို...ရှေ့မှာ အမကြီးတစ်ယောက်ရောက်နေတယ် "

" ဟင် ဘယ်သူလဲ "

" မသိဘူး အကိုလေးနဲ့တွေ့ဖို့လာတာတဲ့ "

" အကို့ဧည့်သည်လား မိလုံး အထဲဝင်လာခိုင်းလိုက်လေ ဧည့်သည်ကို အပြင်မှာဘာလို့ ထားခဲ့တာလဲ "

" ဟုတ်ဟုတ် မိလုံးသွားခေါ်လိုက်မယ် "

မိလုံး ခေါ်လာတဲ့ ဧည့်သည်ကို မြင်ပြီး ပိုး စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားမိသည်...ဘာကြောင့်လဲဆိုတော့ အကို့တပည့်ဆိုသူ ဝတ်လွှာဆိုတဲ့ မိန်းကလေးဖြစ်နေသောကြောင့်...

သူက အကို့ကို အိမ်အထိ ဘာလို့ လာရှာရတာလဲ...ဘာကိစ္စကများ အရေးကြီးနေလို့ပါလိမ့်...

" မီးပိုးအိမ်ပါ့လား ဆရာရှိလား "

ဘာလား ဒီမိန်းမက အကိုလေးအိမ်ပါဆို မမပိုးရှိတာဆန်းလို့လား ...ပြီးကျ အိမ်ရှင်ကတောင်မထိုင်သေးဘူး သူက ဆိုဖာပေါ် အသင့်ခြေချိတ်ဝင်ထိုင်နေလေရဲ့....

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now