အချစ်၏ဖော်ပြခြင်းများ (၂၁)

1.6K 44 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၂၁)

ကလစ်*

ပိုး ရေချိုးပြီး ထွက်လာတော့ အကိုက ခုနကလိုပဲ ဆိုဖာပေါ်မှာ ထိုင်နေပြီး ဖုန်းကိုသာ အာရုံစိုက်နေသည်...

ပိုးလည်း မသိချင်ယောင်ဆောင်ပြီး ကုတင်ပေါ်တက်ကာ အိပ်ချင်ယောင်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်သည်...

" မီးလေး အိပ်တော့မလို့လား ဆံပင်တွေကခြောက်ပြီမိုလို့လား "

နေလင်းစစ် သူမ သူ့ရှေ့ကဖြတ်သွားတာသိပါသည် သူမျက်လုံးကသာ ဖုန်းကိုကြည့်နေပေမဲ့ သူမကို ကြည့်နေတဲ့ နှလုံးသားကတော့ အရာအားလုံးကို မြင်နေရပါတယ်...

" ဟို...ခြောက်လောက်ပါပြီ "

" ကျစ် လာ ဒီနား "

အကိုက ဆိုဖာမှာသာ ထိုင်ရင်း ပိုးကို ခေါ်တော့ ပိုး ခြုံထားတဲ့စောင်ကိုဖယ်ကာ ကုတင်ပေါ်ကဆင်းလာပြီး အကို့အနားလျှောက်သွားရင်း အနားရောက်တော့...

" အို... "

အကိုက ပိုးလက်ကို ဆွဲချလိုက်ကာ ခါးသိမ်သိမ်လေးကို လက်တစ်ဖက်နဲ့ပွေ့ယူလိုက်တော့ ပိုး အလိုလို အကို့ပေါင်ပေါ် ထိုင်မိသလိုဖြစ်သွားသည်...

" မီးလေး ဆံပင်တွေက စိုနေသေးတယ်လေကွာ "

သူဘေးနားမှာရှိတဲ့ တဘက်ကို ယူလိုက်ပြီး သူမဆံပင်တွေကို ညင်သာစွာ သုတ်ပေးလိုက်သည်....ဦးရေပြားအရင်းလေးတွေကို သူ့လက်နှစ်ဖက်နဲ့သုတ်ပေးနေတုန်း အကို့ လက်တွေကရပ်တန့်သွားတော့....

နီးကပ်လွန်းစွာ မြင်နေရတဲ့ အကို့မျက်နှာချောချောက ပိုး မျက်ဝန်းမှာ လာထင်ဟပ်နေလေရဲ့...

အကြည့်ချင်းဆုံပြီး တစ်ယောက်မျက်ဝန်းကနေ တစ်ယောက်ရဲ့ ခံစားချက်တွေကို ဖတ်နေသည့်အလား နှစ်ယောက်စလုံးဟာ ငြိမ်သက်နေခဲ့လေသည်...ရင်ဘတ်ချင်းနီးကပ်နေခဲ့သလို နှလုံးခုန်သံတွေဟာလည်း အတိုင်းသားကြားနေရကာ...

" အကို....ပိုး ဆံပင်ခြောက်လောက်...အွန့် "

ပိုး နေရခက်နေတဲ့ အခြေနေကနေ ရုန်းထွက်ဖို့ စကားပြင်‌လိုက်ပေမဲ့ အကိုက ပိုး ဂုတ်လေးကနေကိုင်ကာ သူ့မျက်နှာနှင့်ပိုနီးကပ်အောင် ဆွဲယူလိုက်ပြီး ပိုးနှုတ်ခမ်းတွေကို တရှိုက်မက်မက်နမ်းလာတော့...

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now