အချစ်၏ဖော်ပြခြင်းများ - ဇာတ်သိမ်းပိုင်း
တစ်နာရီ နှစ်နာရီ မကလို့ ခွဲစိတ်ချိန် ၅နာရီတောင် ရှိသွားပီဖြစ်သည်...
ခွဲစိတ်ခန်းရှေ့ ဒေါ်လင်းသစ် စိတ်တွေအတော်ပူပန်နေမိသည်...
" အမယ်လေး ငါ့မြေးမလေး "
" ဟင် မေမေကြီး အန်တီစု တို့ ဘယ်ကနေ "
ရုတ်တရက် ရောက်ချလာတဲ့ မေမေကြီးတို့ကိုမြင်ကာ မိလုံး အံ့ဩမိသွားသည်...
" ငါပြောလိုက်တာ မိလုံး "
" ဟင် မမဝေ "
" ဘယ်လိုဖြစ်တာလဲ မိလုံး ငါ့မြေးမလေးရော "
" ခွဲစိတ်ခန်းထဲမှာပါ မေမေကြီး "
" အမယ်လေး သမီးပိုး ဖေကြီး ကျွန်မတို့သမီး ထပ်ဖြစ်ပြန်ပြီ "
" စိတ်ခိုင်ခိုင်ထားပါ ငါတို့သမီးက ကြံ့ခိုင်ပါတယ် "
" ဒေါ်ဒေါ် မစု "
" ဟင် မလင်းသစ် ဘယ်လိုလုပ် "
" ကျွန်မအပြစ်ပါ ကျွန်မ သမီးလေးကို ဆေးရုံခေါ်လာမိတာ "
" ညည်းသားက ငါ့မြေးအပေါ်လုပ်ရတာမကျေနပ်လို့ ညည်းကပါ ထပ်လုပ်တာလားအေ "
" မေမေကြီး ပြောလည်းပြောပါ ဒါမဲ့ ကျွန်မသားက ပိုးလေးကို တကယ်ချစ်တာပါ "
" အဲ့တာကြောင့် နောက်မိန်းမယူလိုက်တာပေါ့ "
" မဟုတ်ပါဘူး ဒေါ်ဒေါ်ရယ် "
" မိလုံး ညည်းကို ငါမမှာလိုက်ဘူးလား သူတို့နဲ့ ပိုးကို မတွေ့ပါစေနဲ့လို့ "
" မေမေကြီးရယ် မိလုံးမှားပါတယ် ဒါမဲ့ မေမေကြီးထင်သလိုမဟုတ်ပါဘူး "
တင် *
" ဟင် သား သမီးလေးရော "
" ဟင် နေလင်းစစ် "
နေလင်းစစ် ခွဲစိတ်ပြီးထွက်လာတော့ မြင်လိုက်ရတဲ့လူတွေကြောင့် သူစိတ်ထပ်မောသွားရသည်...သူထိုလူတွေကို ခါးကိုင်းကာနှုတ်ဆက်လိုက်ပြီး...
" ခွဲစိတ်မှုအောင်မြင်ပါတယ် တစ်ရက်အတွင်း သတိရမှာပါ "
" တော်သေးတာပေါ့ ဖေကြီး ကျွန်မတို့သမီးလေး "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...