အချစ်၏ဖော်ပြခြင်းများ - အခန်း(၆)
အချိန်တစ်ပတ်ကြာပြီးနောက် နေလင်းစစ်နဲ့မီးပိုးအိမ်၏ လက်ထပ်ပွဲနေ့သို့ ရောက်လာခဲ့လေသည်
သတို့သမီးအလှပြင်ခန်းတွင်
" ဟယ် သတို့သမီးလေးက လှလိုက်တာ မာမီ ပြင်ပေးဖူးတဲ့ထဲ ဒီသတို့သမီးလေးကအသားရေလည်းကောင်း လှလည်းအလှဆုံးပဲ သတို့သားတော့တုန်နေအောင် ချစ်မှာပဲ "
ပိုးပြုံးပဲပြုံးလိုက်မိသည် သူပြောသလို အကိုက ပိုး ကိုချစ်ရင် ပိုး ပျော်မိမှာပဲ
" ဟင်းး " ပိုးသက်ပြင်းချနေမိတုန်း တံခါးဖွင့်သံကြားလိုက်လေသည်
လှည့်ကြည့်မလို့ကြံတုန်း ပိုး မျက်လုံးကို လက်လေးနဲ့ ဖွဖွလေးလာအုပ်တော့ ပိုး ဘယ်သူမှန်းရိပ်မိလိုက်ပါသည် ပိုး ထိုသူ့လက်ကို ကိုင်လိုက်ရင်း
" ဝေဝေ ဝေဝေမလား "
" ဟီးဟီး ပိုးက သိနေတာပဲ ပျော်ဖို့မကောင်းတော့ဘူးကွာ "
" ကြည့်စမ်း ပိုး ဒီနေ့အရမ်းလှနေတာပဲ မြင်သူတိုင်းကြွေချင်စရာပဲ ပိုးက ဒီနေ့တော့ တလောကလုံးမှာ အချောဆုံးဖြစ်နေမယ်ထင်တယ် "
" အံမယ် ဒါက မာမီပြင်ပေးထားလို့ ပိုလှတာ ကဲပြင်လို့ပြီးပြီ သတို့သမီးလေးက လုံးဝကို perfect "
မာမီကသူပြင်လိုက်လို့ပိုလှသွားသလိုပြောတော့
" ဟုတ်ပါဘူး ဝေဝေရဲ့ပိုးက နဂိုကတည်းက လှပြီးသား မာမီက ကာလာလေးဖြည့်ရုံပဲဟာ "
" တော်ပါတော့ ဝေဝေရယ် မေမေတို့ရော "
ပိုး ဝေဝေနဲ့မာမီ အငြင်းပွားနေတော့ တားလိုက်မိပြီး မေမေတို့ကိုခုထိမမြင်သေးလို့ ဝေဝေကိုမေးကြည့်လိုက်၏
" ရှိတယ် အန်တီစုတို့က ဧည့်သည်တွေကိုလိုက်ဧည့်ခံနေတယ်လေ ဒါနဲ့ ဟိုသတို့သားက လာကြည့်သွားပြီးပြီလား "
" ဟင့်အင်း "
" အယ် အဲ့ဆရာဝန်အစုတ်ပလုတ်က ဇနီးချောလေးကို ပစ်ထားရတယ်လို့ သွားပြောရမယ် မျက်နှာနှစ်ချက်လောက်ဆွဲရိုက်ပလိုက်ရ "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...